Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာခရိုင် တပ်ရင်း(၂)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၉ဦးသေ

ဇွန်လ ၁၄ရက် နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ခွဲတက်လာသည့် အင်အား ၉၀ကျော်ရှိ စစ်ကောင်စီတပ် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကသာခရိုင်
ကသာခရိုင်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလသည့် စစ်ကောင်စီတပ်ကို ကသာခရိုင်တပ်ရင်း(၂) မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ဇွန်လ ၁၄ရက် နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ခွဲတက်လာသည့် အင်အား ၉၀ကျော်ရှိ စစ်ကောင်စီတပ် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိနိုင်ကြောင်း၊ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းကို သယ်ဆောင်သွားကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ဘက်မှ ရဲဘော်တွေတော့ အထိခိုက်မရှိ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူများ သတင်းပေးပို့နိုင်သည့် ကာကွယ်ရေးဝန် ကြီးဌာနသို့ဆက်သွယ်ရမည့် လိပ်စာများမှာ Telegram - info2mod ၊ Email - info2mod@mod.nugmyanmar.org တို့ဖြစ်ကြော်း ဖော်ပြထားသည်။

သတင်း

ပစ်ခတ်ရှင်းလင်းမှုများတွင် မေ ​၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခြောက်ဦး၊ ဆီမီးလောရန်သူ့စခန်းဝင်စီးမှုတွင် သုံးဦးဖြင့် တစ်ရက်တည်း ကိုးဦးသုတ်သင်နိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဘိုမင်းသူ၏အလောင်းအား ချက်ချင်းသယ်ယူသွားပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်ကို မသိရပေ။