Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ပိုင် မိုင်တဲလ်ဆက်သွယ်ရေးကုမ္ပဏီအားအရေးယူဒဏ်ခတ်ရန် နိုင်ငံတကာကို JFM တောင်းဆို

ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။

My Tel
My Tel

မြန်မာစစ်တပ်ကို အခွန်ငွေ၊ နည်းပညာနှင့် စောင့်ကြည့်ထောက်လှမ်းရေးများပေးနေသော မိုင်တဲလ်၏ Telecom International Myanmar ကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar ကယမန်နေ့တွင် တောင်းဆိုသည်။

ဆက်သွယ်ရေးအော်ပရေတာ မိုင်တဲလ်(Mytel)သည်အကြမ်းဖက်စစ်တပ်မှ စစ်သည်များကို စောင့်ကြည့်ထောက်လှမ်းနိုင်သော အန္တရာယ်ကြီးလှသည့် စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်များကို ပေးထားပြီးစစ်တပ်၏နိုင်ငံတကာ ရာဇဝတ်မှုများတွင် မိုင်တဲလ်၏ ကြံရာပါပတ်သက်မှုအတွက် သက်သေအထောက်အထားအများအပြားရရှိထားပြီဖြစ်ကြောင်း JFM ကထုတ်ပြန်သည်။

“မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ထောက်ကူပေးနေတာ ဖြစ်ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေဆီ ငွေကြေးစီးဆင်းတာတွေ ဖြတ်တောက်ပစ်တဲ့ ကိစ္စကိုလက်တွေ့ အရေးယူဆောင်ရွက်ကြဖို့ လိုပါတယ်။ မြန် မာစစ်တပ်ရာဇဝတ်ဂိုဏ်းကို မဖြစ်မနေဖျက်သိမ်းရပါမယ်” ဟု JFM ၏ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကပြောသည်။

လျှို့ဝှက်ပေါက်ကြားလာသောစာရွက်စာတမ်းများကို အခြေခံသည့် JFM ၏ စုံစမ်းလေ့လာမှုအရမိုင်တဲလ်သည်‘အောင်တံခွန်’ အရောင်းအစီအစဉ်မှတဆင့် စစ်သည်တစ်ဦးချင်း၏ ကိုယ် ပိုင်နံပတ်ဖြင့်တွဲထားသည့်စိတ်ကြိုက်နံပတ်များကိုပေးကာ တပ်ရင်း၊ တပ်မမှူးများဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။

ထို့အတွက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်နေကြသော ပြည်သူ့စစ်သား၊ရဲသားများအနေဖြင့်လုပ်ငန်းအစီအစဉ်များကို ဖုန်းဖြင့် ပြောဆိုခြင်း၊ဆွေးနွေးခြင်းများမလုပ်ဆောင်ကြရန်နှင့်စစ်တပ်မှမထွက်ခွာခင်မိုင်တဲလ်ဆင်းမ်ကတ်များကိုဖျက်ဆီးပစ်ရန် JFM ကအကြံပြုသည်။

Telecom International Myanmar ၏ အစုရှယ်ယာရှင်များသည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နှင့်Myanmar National Telecom Holdings တို့ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၄၅မိနစ်ခန့်ကြာ​သောတိုက်ပွဲတွင် PDF(​ဆော) တပ်ရင်း ၂ (YRPA)၏ စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်တပ်သား နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သတင်း

လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

သတင်း

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကပ်ဘေးဒုက္ခကို ရပ်တန့်ရန် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တရားဝင် အရပ်သားအစိုးရအုပ်ချုပ်မှုတို့ မဖြစ်မနေ ပြန်လည်ရရှိရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတည်ထောင်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ပြောသည်။

သတင်း

အောင်မြင်သူကုမ္ပဏီဟာ စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်ပြီး စည်ပင်ပိုင်မြေများပေါ် လုပ်ပိုင်ခွင့်အများဆုံးရတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။