Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်မှလာသည့် စစ်ယာဉ်တန်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်ဟု ယင်းမာပင်ခရိုင်တပ်ရင်း(၁) အသိပေး

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

ပုလဲနယ်မှလာသည့် စစ်ယာဉ်တန်းကိုတိုက်ခိုက်
ပုလဲနယ်မှလာသည့် စစ်ယာဉ်တန်းကိုတိုက်ခိုက်

PDF ရဲဘော် သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ယင်းမာပင်ခရိုင် တပ်ရင်း (၁)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၅ရက် ညနေ ၄နာရီခွဲတွင် စစ်ယာဉ်တန်းကို ပုလဲ-မင်းတိုင်ပင် – ယင်းမာပင်လမ်းတွင် ပွိုင့် ၆ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ပြီး ယာဉ်တန်းရပ်တန့်မှုပင်ရှိခဲ့သည်ဟု ဆိုသည်။

အထိနာသည့် စစ်ကောင်စီတပ်များက ရမ်းသန်းပစ်ခတ်ခဲ့ရာ PDF ရဲဘော် ၃ဦး ကျဆုံးခဲ့ရပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကလည်း ယနေ့တွင် မင်းတိုင်ပင်နှင့် လက်ပုကန်ရွာ ကြား၌လည်းကောင်း၊ လက်ပုကန်ရွာအနီး၌ လည်းကောင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MRDAက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

သတင်း

ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။

သတင်း

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။