Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင်ပျူခေါင်းဆောင်၏အိမ်သို့ရောက်နေသောစစ်တပ်ကိုတိုက်ခိုက်၁၇ဦးခန့်သေဟုတိုက်ခိုက်​သောအဖွဲ့​ပြော

ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

(Guerrilla Warfare .K.P.K တပ်ဖွဲ့ဝင်များ စစ်သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-GW)
(Guerrilla Warfare .K.P.K တပ်ဖွဲ့ဝင်များ စစ်သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-GW)

တန့်ဆည်မြို့နယ်အင်္ကုက္ကားကျေးရွာရှိပျူစောထီးခေါင်းဆောင်တစ်ဦး၏နေအိမ်သို့ရောက်နေသောစစ်ကောင်စီတပ်ကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare.K.P.K တပ်ဖွဲ့ကထုတ်ပြန်သည်။

ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ၁၇ ဦးခန့်သေဆုံးကာ အများအပြန်ဒဏ်ရာရရှိသွားပြီး ပြန်လည်ခုခံနိုင်ခြင်းမရှိသည့်အတွက်ပြည်သူ့ရဲဘော်မဟာမိတ်ညီနောင်များအောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့သည်ဟုအသိ​ပေးထားသည်။စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံးမှုကို People’s Spring ကသီးခြားအတာ်မပြုနိုင်​ပါ။

ထို့အပြင် ယင်းနေ့ညပိုင်းက တန့်ဆည်မြို့ပေါ်မှနေ၍ စစ်ကောင်စီတပ်များအား ဖောကားတစ်စီးဖြင့် တိုက်ခိုက်ခံရ​သောပျူ​ခေါင်း​ဆောင်ရှိသည့်ကျေးရွာသို့ စစ်ကူလွှတ်ခဲ့ရာ မြို့အထွက်တစ်နေရာတွင် မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အထက်ပါတိုက်ခိုက်မှုများကို Guerrilla Warf​are K.P.K၊ PRLF၊ TPC ၊ Taze Tiger၊ ရွှေဘိုခရိုင်တပ်ရင်း (၆)၊ TSR နှင့် ပလဖတို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊​သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီယာဉ်တန်း၌ ယာဉ်အစီးရေ ၁၀၀ကျော်ပါဝင်ရာ ယာဉ်တန်းလုံခြုံရေး၊ မိုင်းရှာဖွေရေး ဆောင်ရွက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်သွားလာနေသည်ဟု ဆိုသည်။

သတင်း

ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။