Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးမြို့ ကလျာဏီရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့်အပစ်ခံရ၊ ရာအိမ်မှူးနှစ်ဦး ကျည်ထိ

ယမန်နေ့ည ၈ နာရီခန့်က ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းဒေသခံများက ပြော သည်။

(စစ်​ကောင်စီတပ်ထောက်ခံသူ မစန္ဒီမြင့်အောင်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့အား တွေ့ရစဥ်)
(စစ်​ကောင်စီတပ်ထောက်ခံသူ မစန္ဒီမြင့်အောင်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့အား တွေ့ရစဥ်)

ပဲခူးမြို့ ကလျာဏီရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှု ယမန်နေ့ (ဇွန် ၁၆)ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပဲခူးဒေသခံများက ပြောသည်။

ယမန်နေ့ည ၈ နာရီခန့်က ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းဒေသခံများက ပြော သည်။

“မနေ့ညကဖြစ်သွားတာ။ ဖြစ်ဖြစ်ချင်းတော့ စကစတွေရောက်လာတယ်။ ဖမ်းဆီးစစ်ဆေးရှိမရှိ နောက်ဆက်တွဲအခြေအနေမငိရသေးဘူး” ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

ရုံးအတွင်းဝင်ရောက်ပစ်ခတ်ခံရသည့် ကလျာဏီအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်သည် စစ်​ကောင်စီတပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင် မစန္ဒီမြင့်အောင်၏ဖခင်ဖြစ်ပြီး ၎င်းတို့မိသားစုသည် စစ်ကောင်စီတပ်နှင့် ပလဲနံပသင့်သူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မစန္ဒီမြင့်သည် စစ်​ကောင်စီတပ်​ထောက်ခံပွဲများနှင့် အမျိုးသား​ရေးဟုဆိုကာ ဆန္ဒပြပွဲတွင် အများဆုံးမြင်​တွေ့ရသူတစ်ဦးလည်း ဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ၎င်း၏ဖခင်မှာ ရုံးအတွင်းရှိနေချိန်ဖြစ်၍ ထိမှန်ခံရခြင်းမရှိဘဲ ရုံးရှေ့တွင်ထိုင်နေသည့် ဆယ်အိမ်မှူးနှစ်ဦးသာ ကျည်ထိမှန်ခဲ့ပြီး ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း မစန္ဒီမြင့်အောင်က ၎င်း ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။

အထက်ပါ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းက ယနေ့နံနက်ပိုင်းအထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီလက်ထက်အတွင်း ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် အနည်းဆုံးနှစ်ကြိမ်ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ကဖမ်းဆီးသူများထဲတွင် တော်လှန်ရေးဦးဆောင်သူများ၊ CDMဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ နှင့်တက်ကြွလှုပ်ရှားသူများပါဝင်သည်ဟု လောင်းလုံးမြို့နယ်ပ.အ.ဖ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သတင်း

လက်ရှိ အဖမ်းခံလိုက်ရတဲ့ မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် က ဖမ်းဆီးခံ ကျောင်းသား ၊ကျောင်းသူ ၁၄ ဦးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးရသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊​သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။