Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံမြို့နယ်တွင်ဆန္ဒပြသူများ၊ CDMများကိုစစ်ကောင်စီတပ်ကဖမ်းဆီး​နေ၍ ရှောင်တိမ်း​နေရန်ပ.က.ဖ သတိ​ပေး

စစ်ကောင်စီတပ်ကဖမ်းဆီးသူများထဲတွင် တော်လှန်ရေးဦးဆောင်သူများ၊ CDMဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ နှင့်တက်ကြွလှုပ်ရှားသူများပါဝင်သည်ဟု လောင်းလုံးမြို့နယ်ပ.အ.ဖ ထုတ်ပြန်ချက်တွင်ပါရှိသည်။

(လောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှဦး​ဆောင်​၍ဇွန် ၁၆ ည​နေတွင်ဆန္ဒပြ​နေကြစဥ်။ ဓာတ်ပုံ - DDMSC)
(လောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှဦး​ဆောင်​၍ဇွန် ၁၆ ည​နေတွင်ဆန္ဒပြ​နေကြစဥ်။ ဓာတ်ပုံ - DDMSC)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်သားများက CDM ဝန်ထမ်းများနှင့် ဒီမိုကရေစီလိုအရေးတက်ကြွလှုပ်ရှားသူများကို ယနေ့ (ဇွန်၁၆ ရက်) နေ့လယ်မှ စတင်ပြီး ဖမ်းဆီးနေ၍ အမြန် ရှောင်တိမ်းရန် လောင်းလုံးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်ကဖမ်းဆီးသူများထဲတွင် တော်လှန်ရေးဦးဆောင်သူများ၊ CDMဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ နှင့်တက်ကြွလှုပ်ရှားသူများပါဝင်သည်ဟု လောင်းလုံးမြို့နယ်ပ.အ.ဖ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုပုဂ္ဂိုလ်များအနေဖြင့် စစ်ကောင်စီတပ်များ၏မတရားဖမ်းဆီးမှုမခံကြရန်နှင့် ၎င်းတို့နှင့်ထိတွေ့ဆက်ဆံနေသူများအနေဖြင့် လုံခြုံဘေးကင်းသည့်နေရာများကို တိမ်းရှောင်ကြရန်တိုက်တွန်းထားသည်။

လောင်းလုံးမြို့နယ်အတွင်း ယနေ့နံနက် ၅နာရီတွင် မြေသယ်ကားများဖြင့် CDMဝန်ထမ်းများကို လိုက်လံဖမ်းဆီးနေပြီး ယနေ့ညနေပိုင်းအထိ CDMဝန်ထမ်း ၇ယောက်ဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများကပြောသည်။

“မနေ့ကPDFတွေကို တောနင်းရှာတယ်။ အင်အား ၃၀၀လောက်ရှိမယ်ထင်တယ်။ ဒီနေ့လည်းမြို့ပေါ်မှာ ဆန္ဒပြပွဲလုပ်တဲ့သူတွေကိုလိုက်ဖမ်းနေတယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းအတွင်း လောင်းလုံမြို့နယ်တွင်အကြမ်းဖက် အာဏာရှင်ဆန်ကျင်မှု အားကောင်းသည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်ပါးစေ ပျူစောထီးများ အစစ်ဆေးကြမ်းနေသည့်တိုင် ဆန္ဒပြပွဲများ​နေစဥွ် ပြုလုပ်လျက်ရှိသည်။

စစ်​ကောင်စီတပ်အဖမ်းအဆီးများ​နေသည့်ကြားမှပင် ယ​နေ့ည​နေတွင်လည်းလောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်၍ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။

ထိုအပြင်သပိတ်စစ်ကြောင်းတွင် လူငယ်များက “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် လူထုကြွေးကြော်သံများဖြင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံ ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသ၍ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ကြသည်။

လောင်းလုံးမြို့နယ် တောင်ပေါ်တစ်နေရာတွင် ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦးဆောင်​၍ ခစစ်ကောင်စီဝင်များ တောနင်းမှုများပြုလုပ်နေတဲ့ကြားမှ တော်လှန်လူငယ်များက “ဖိနှိပ်မှုနှောင်ကြိုးမှ ရုန်းထွက်မည် ခေတ်ပြောင်းတော်လှန်ရေးအဆုံးသတ်ဆီ” (တော်လှန်လောင်းလုံး) ဆိုသည့် စာတန်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ကိုသပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ည ၈ နာရီခန့်က ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းဒေသခံများက ပြော သည်။

သတင်း

လက်ရှိ အဖမ်းခံလိုက်ရတဲ့ မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် က ဖမ်းဆီးခံ ကျောင်းသား ၊ကျောင်းသူ ၁၄ ဦးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးရသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။

သတင်း

အသက်သခင် ကျေးဇူးရှင်များ အနေဖြင့် လိုအပ်သော စစ်ရေး၊ လူမှုရေးဆိုင်ရာ အကူအညီ၊ အထောက်အပံ့များကို ဗမာ့လူငယ်ကွန်ရက်ထံ အချိန်အခါမရွေးဆက်သွယ်တောင်းခံ နိုင်ကြောင်းအိတ်ဖွင့်ပေးစာ၌ ရေးသားထားသည်။

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊​သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။