Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်​ကောင်စီတပ်က အကြမ်းဖက်​နေ၍ ပြည်သူများစစ်​ရေးသတိရှိရန် PDF သတိ​ပေး

ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကိုလည်းစစ်ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုနှစ်ဦးအနက် တဦးသေဆုံးပြီး အခြားတဦးကို အချိန်မှီဆေးရုံတင်ပို့ခဲ့နိုင်သည်။

အကြမ်းဖက်စစ်တပ်က ​ဝေဒီ​​ကျေးရွာမှအိမ်ကိုမီးရှို့စဥ်
အကြမ်းဖက်စစ်တပ်က ​ဝေဒီ​​ကျေးရွာမှအိမ်ကိုမီးရှို့စဥ်

● စစ်တပ်က ပြည်သူ​လေးဦးကို​​သေနတ်ဖြင့်ပစ် ၂ ဦ​သေ၊ ၂ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကိုပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်နေ၍ ပြည်သူများစစ်ရေးသတိဖြင့်နေထိုင်ကြရန်နှင့် ခရီးသွားလာခြင်းမပြုရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LL PDF)က ယနေ့ သတိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများ၏ အသက်၊အိုးအိမ်များကို ဖျက်ဆီးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု LL PDFကထုတ်ပြန်သည်။

“လောင်းလုံးက PDFတွေကို အမြစ်ပြတ်ရှင်းမယ်ဆိုပြီး စစ်ကြောင်းထိုးနေတာ PDFတွေကိုမတွေ့တော့လို့၊ အခုတော့ ဆန္ဒပြပွဲလုပ်နေတဲ့ သူတွေ့နဲ့ CDMလုပ်မယ့်သူတွေကို ဖမ်းမယ်ဆိုပြီး ရွာတွေမှာသောင်းကျန်းနေတာ”ဟု လောင်းလုံမြို့ခံတစ်ဦးကပြောသည်။

​လောင်းလုံး PDF သတိ​ပေးချက်
​လောင်းလုံး PDF သတိ​ပေးချက်

လက်ရှိတွင်​ဒေသခံ အများစုမှာစစ်ရှောင်နေကြသည်ဟု ဒေသခံများကပြောသည်။

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်ဖြင့် ရောက်ရှိနေပြီး CDMဝန်ထမ်းများအပါဝင်ပြည်သူ ၇ဦးကို ဖမ်းဆီးထားသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ထုတ်ပြန်ထားသည်။

ထိုအပြင် ​ဒေသခံရွာသား ၄ဦးကိုလည်း အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။

​လောင်းလုံမြို့နယ် ​ဝေဒီ​ကျေးရွာ​နေ မနွယ်နီဌေးကိုယမန်​နေ့ (ဇွန် ၁၆) ညတွင်ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းတွင်သေနတ်ဖြင့် ပစ်ခတ်၍ လမ်းဘေးတွင် စွန့်ပစ်ခဲ့သည်။ ရွာသူ/သားတွေ၏ ကူညီပေးမှုကြောင့် မနွယ်နီဌေးကို အချိန်မှီ ဆေးရုံတင်ပို့နိုင်ခဲ့သည်ဟု သပိတ်ကော်မတီကဆိုသည်။ ထိုပြင်ဂေါ့အင်းကျေးရွာရှိ အသက် ၄၁ အရွယ် မအေမီဖြိုးဝေကို နေအိမ်တွင် စစ်ကောင်စီတပ်က အကြမ်းဖက်ဝင်ရောက်ပြီးမ​အေမီဖြိုး​ဝေကို ပစ်သတ်ခဲ့သည်။ဝေဒီကျေးရွာအတွင်းသို့ သေနတ်ပစ်ခတ် ဝင်ရောက်ခဲ့ပြီးမနွယ်နီဌေး၏နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး မအေမီဖြိုးဝေအိမ်ကိုလည်း မီးရှို့သွားထားသည်။

ထိုနောက် ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကိုလည်းစစ်ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုနှစ်ဦးအနက် တဦးသေဆုံးပြီး အခြားတဦးကို အချိန်မှီဆေးရုံတင်ပို့ခဲ့နိုင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်အပေါ် " လက်နက်အပ်စေချင်တဲ့ စကစအတွက် လက်နက်တော့မရဘူး။ မုန့်ဟင်းခါးတွေပဲရမယ်"ဟု ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(ဧရာဗေဒါ) က ဇွန် လ၁၆ရက်တွင် သတိ​ပေးထုတ်ပြန်သည်။

သတင်း

ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ထိုစစ်ကြောင်းသည် ရွာဆိုးကျေးရွာမှ ပေါက်ချိုင်ကျေးရွာသို့ ဦးတည်ရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အိန္ဒိယ− အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို အိန္ဒိယနဲ့အာဆီယံကြားဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပတာလည်းဖြစ်ပါတယ်။