Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ်အတွင်း လမ်းပိုင်းများ၌ ကုန်တင်ကားများ မိုးကာအုပ်၍မသွားရန် သတိပေးကြေညာ

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားမှုများရှိနေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန်လည်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

အင်းတော်မြို့နယ်
အင်းတော်မြို့နယ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း လမ်းပိုင်းများ၌ ကုန်တင်ကားများ မိုးကာအုပ်၍မသွားရန် အရေးပေါ်ထုတ်ပြန်ကြေငြာချက် လိုက်ကြောင်း Indaw Revolution က ဖော်ပြသည်။

ကျောင်းကုန်း – အင်းတော်လမ်း၊ အင်းတော် – ဗန်းမောက်လမ်း၊ အင်းတော် – နန့်စီးအောင်လမ်းနှင့် အင်းတော် – ကသာလမ်းများ၌ သွားလာသည့် ကုန်တင်ယာဉ်များကို မိုးကာအုပ်၍ မသွားလာရန် သတိပေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

စည်းကမ်းမလိုက်နာ၍ တစ်စုံတရာဖြစ်ခဲ့ပါက မိမိတို့ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တာဝန်မယူကြောင်းနှင့် လိုင်းရသည့် ပြည်သူများ နီးစပ်ရာပြည်သူများမှ ဖုန်းဖြင့်လည်းကောင်း၊ အခြားနည်းဖြင့်လည်းကောင်း မိတ်ဆွေအချင်းချင်း သတင်းလှမ်းပေးကြရန်လည်း တိုက်တွန်းထားသည်။

လက်ရှိတွင် အင်းတော်နှင့် ကသာမြို့နယ်များ၌ စစ်ကောင်စီတပ်များ ဝင်ရောက်လှုပ်ရှားနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကလည်း ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားမှုများရှိနေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန်လည်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ရာနေရာများသို့ အင်အားဖြည့်တင်းရာတွင် ပြည်သူပိုင်ယာဥ်များကို တားဆီး၍ လိုက်ပါနေခြင်းကြောင့် လမ်းအသုံးမပြုဖို့ မေတ္တာရပ်ခံရခြင်းဟု PHOENIX(SGG) က ဆိုသည်။

သတင်း

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

သတင်း

ထိုသို့ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်၍ ငွေကြေးအလှူခံကာ ကိုယ်ကျိုးရှာသူငါးဦးကို နောက်နောင်ယခုကဲ့သို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။