Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

​ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့တွင် နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များက ဒိုက် ၇၇ကြိမ်ထိုး ဂုဏ်ပြု

ယင်းစခန်းမှ ရဲဘော်များသည် ယနေ့ နေ့လည်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် မွေးနေ့ကိတ်ခွဲခဲ့ကာ ‌‌မွေးနေ့ဆုတောင်းပေးခဲ့ပြီး ပန်းသပိတ်လည်းဆင်နွဲခဲ့ကြောင်း ယင်းစခန်းမှတာဝန်ရှိသူကပြောသည်။

နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ
နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏လက်အောက်ရှိသော နဂါးနီစစ်ကြောင်း တပ်ခွဲ(၁)တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲပြုလုပ်ခဲ့ပြီး ရဲဘော်များက မွေးနေ့လက်‌ဆောင်အဖြစ် ဒိုက် ၇၇ ကြိမ်ထိုးသည့် ဂုဏ်ပြုလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းစခန်းမှ ရဲဘော်များသည် ယနေ့ နေ့လည်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် မွေးနေ့ကိတ်ခွဲခဲ့ကာ ‌‌မွေးနေ့ဆုတောင်းပေးခဲ့ပြီး ပန်းသပိတ်လည်းဆင်နွဲခဲ့ကြောင်း ယင်းစခန်းမှတာဝန်ရှိသူကပြောသည်။

“ညီမတို့ တပ်ခွဲထုံးစံက ရဲဘော်တွေရဲ့မွေးနေ့မှာ သူ့အသက် ၂၅ဆို အချက်ရေ ၂၅ ချက်ထိုးပေးတယ်။ ရဲဘော်အချင်းချင်း ချစ်ခြင်းမေတ္တာကိုပြတဲ့သဘောပါ။ ပုံမှန်ဆို ဒိုက်ထိုးပျင်းတဲ့ ရဲဘော်တွေတောင် မွေးနေ့ရှင်ရဲဘော်အတွက် ဒိုက်အချက်အရေပြည့်အောင်ထိုးပေးတယ်။ ညီမတို့ပေးတဲ့ လက်ဆောင်က ခွန်အားသုံးပြီးပေးတဲ့ လက်ဆောင်မို့ ပကာသနမပါတဲ့ ရိုးရှင်းတဲ့ လက်ဆောင်ပါ”ဟု ယင်းတပ်ခွဲမှ ရဲဘော် အမျိုးသမီးတစ်ဦးက ပြောသည်။

နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ
နဂါးနီစစ်​ကြောင်း တပ်ခွဲ(၁)ရဲ​ဘော်များ

“ပြည်သူ့အတွက်ထားတဲ့ အမေ့ရဲ့စေတနာမေတ္တာတရားတွေ စွန့်လွှတ်အနစ်နာခံမှုများကိုလေးစားဦးညွှတ်လျက် ယနေ့ကျရောက်တဲ့ အမေ့ရဲ့မွေးနေ့အတွက် တစ်တိုင်းပြည်လုံးကပြုလုပ်ပေးသော ပန်းသပိတ်နှင့်အတူ အနာဂတ်မျိုးဆက်အတွက် ကျွန်တော်တို့ ကျောတွေကို လမ်းခင်းထားပေးလျက်ပါအမေ။ အမေ မတရားချုပ်နှောင်မှုများမှ အမြန်ဆုံးလွတ်မြောက်ပြီး သက်တော်ရာကျော်ရှည်ပါစေ။Happy Birthday ပါအမေ “ဟု ရဲဘော်တစ်ဦးက ‌မွေးနေ့ရှင်အတွက် ဆုတောင်းပေးသည်။

ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် မွေးနေ့ရှင်မပါသော်လည်း မွေးနေ့ပွဲများကို နေရာအနှံ့အပြား၌ ကျင်းပပေးခဲ့သည်။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူများလွတ်မြောက်ရေးအတွက် ဆုတောင်းပေးသည့် လှုပ်ရှားမှုကိုလည်းပြုလုပ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

သတင်း

စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးစဥ် လမ်း​ကြောင်းတစ်​လျှောက်ပြည်သူ့​နေအိမ်များ​ဖောက်ထွင်းခိုးယူဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ​ဒေသခံ​ကျေးရွာ၁၁ ရွာ​ခန့်ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရသည်။

သတင်း

စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အား နည်းသည်ဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခပ်စိပ်စိပ်လှုပ်ရှားလာနေသည်။

သတင်း

ကျဆုံးသွားတဲ့ ရဲဘော်ရဲလင်းအောင်ကို အလေးနီပြုရင်း ၎င်းဆောင်ရွက်လက်စဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျတ်ချေမှုန်းရေး​ တာဝန်ကို ကျန်ရစ်သူ ရဲဘော်များကဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြပါတယ်။