Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်တွင်း စစ်ကြောင်းထိုးရာတွင်ပြည်သူများကိုဖမ်းဆီး၍လူသားဒိုင်းအသုံးပြု​နေ

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

(အင်း​တော်​ဒေသတွင်သွားလာ​နေ​သောစစ်​ကောင်စီကားတစ်စိး။ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-IR)
(အင်း​တော်​ဒေသတွင်သွားလာ​နေ​သောစစ်​ကောင်စီကားတစ်စိး။ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-IR)

အကြမ်းဖက်စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာတွင် လမ်းမှာတွေ့သမျှပြည်သူတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုမှု ပိုစိပ်လာကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့ Indaw Revolution – IR ကအသိပေးထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၆) နံနက်ပိုင်းတွင်နဘားကျေးရွာဘက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီးလူသားဒိုင်းအဖြစ်အသုံး ပြုမှုရှိနေကြောင်းဖော်ပြသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကမ်းနီရွာသား ၂၁ ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းနှင့်အတူ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့သည်ဟု IR အဖွဲ့ကပြောသည်။

“ဒီဖက်အခေါ်ကတော့ ပေါ်တာဆွဲတယ်ပေါ့။ သူတို့(စကစတပ်)ကလူသားဒိုင်းအဖြစ်သုံးတာတင်မကသေးဘူး ပါလာသမျှအထုပ်အပိုးတွေပါထမ်းခိုင်း၊ သယ်ခိုင်းသေးတာ”ဟု Indaw Revolution – IR မှ ရဲဘော်တစ်ဦးက ပြော သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

ယမန်နေ့(ဇွန် ၁၅)ကလည်းအင်းတော်မြို့အထက်ပိုင်းနဘားဘက်သို့ဝင်ရောက်နေသောစစ်ကြောင်းနှင့်အင်းတော်အောက်ပိုင်း ကျောင်းကုန်းဘက်သို့ဝင်ရောက်သောစစ်ကြောင်းများကို PDF ပူးပေါင်းတပ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အင်းတော်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းတွင်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါဝင်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

သတင်း

ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

သတင်း

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

သတင်း

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။