Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင်​သောက်စားမူးယစ်​နေ​သောစစ်​ကောင်စီတပ်နှင့် ပျူများကိုမိုင်းခွဲတိုက်ခိုက်ရာ ၁၂ဦးထက်မနည်း​သေဟု PDF များ​ပြော

ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

(စစ်​တပ်အာဏာသိမ်းပြီး​နောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုအကြမ်းဖက်ဖြိုခွင်းခဲ့စဥ်က မုံရွာတွင် စစ်​ကောင်စီတပ်များလုံခြုံ​ရေးမြှင့်ထားစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​တပ်အာဏာသိမ်းပြီး​နောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုအကြမ်းဖက်ဖြိုခွင်းခဲ့စဥ်က မုံရွာတွင် စစ်​ကောင်စီတပ်များလုံခြုံ​ရေးမြှင့်ထားစဥ်။ ။ဓါတ်ပုံ-CJ)

သုံးဦးမှာလည်းဒဏ်ရာပြင်းထန်၍​​သေနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စားသောက်ဆိုင်တွင်း၌ မူးယစ်သောက်စားရမ်းကားနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား မိုင်းနှစ်လုံး​ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၂ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

၁၂ ဦးခန့်သေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း Monywa Nightking အဖွဲ့တာဝန်ရှိသူက ပြောသည်။

“နမခက စစ်တပ်အတွက်သုံးတဲ့ ကြက်ခြေနီတံဆိပ်ကားနဲ့သုံးခေါက်သယ်သွားပါတယ်။ သေတာ၁၂ဦးပါ။ ၃ဦးကလည်း သေမှာပါ။ သွေးထွက်လွန်နေပြီ။။ အင်အားက၃၀ ကျော်ရှိတယ်။မူးရူးနေကြတာ။ပျူ၊ စစ်သား အကုန်ပါတယ်။ အဲဒါဖြစ်ပြီး ထန်းတောကြီးစစ်ကြောင်း၊အနောက်ဖက်ကစစ်ကြောင်းတွေ မြို့တွင်းပြန်ဆင်းလာပါတယ်။”ဟု Monywa Nightking အဖွဲ့ တာဝန်ရှိသူက ပြောသည်။

DRPA မှ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း”ဒီကောင်တွေသောက်စားမူးယစ်ပြီး ဟေးလားဝါးလားလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲဘော်တွေက သွားပြီးမိုင်းနှစ်လုံးပစ်ခဲ့တာ။ ပစ်တဲ့အခါမှာလည်း ဒီကောင်တွေရဲ့စားပွဲကို ကွက်တိကျသွားတယ်”ဟု DRPA မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြော သည်။

အဆိုပါ မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် အပေါင်းပါ ၁၅ ဦးခန့်သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ် ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါတိုက်ခိုက်မှုကို ဇီးကွက်စစ်ဆင်ရေးဟုအမည်ပေးထားပြီး DRPA ၊ Monywa Night King နှင့် MACT ထောက်ပို့တပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအားလုံး​ဘေးကင်း​ကြောင်း လည်း၎င်းတို့က​ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သော စွယ်တော်ဦးစား သောက်ဆိုင်မှာ စစ်ကောင်စီတပ်နှင့် လက်ပါး စေများ မကြာဏခဝိုင်းဖွဲ့စားသောက်လေ့ရှိသည့်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ယင်းဆိုင်ရှေ့၌ပင် စစ်ကောင်စီတပ်များက ဆိုင်ကယ်ဖမ်းဆီးခြင်း၊ ယာဥ်မောင်းလိုင်စင်စစ်ခြင်းစသည်တို့ကို ပြုလုပ်လေ့ရှိကြောင်း

ထိုအပြင်ယနေ့ညပိုင်းတွင်လည်း မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ပစ်ခတ်သံများကြားနေရပြီး ဗုံးပေါက်ကွဲမှူတစ်ခုလည်းဖြစ်ပွားခဲ့သေးကြောင်း ဒေသခံအချိူ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၃ရက်က စစ်ကောင်ဏီတပ်များ ညောင်လယ်ရွာသို့ ဝင်ရောက်လာစဉ် ပြည်သူ​ခြောက်ဦးကို သတ်ဖြတ်ခဲ့ရာ ၎င်းအနက် ငါးဦးမှာလက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

သတင်း

မဟာမိတ်များဖြစ်သော ပုဂံ​ညောင်ဦး PDF၊ Black Wolf PDF - MDY၊ MGN Tiger မြင်းခြံခရိုင်တပ်ရင်း(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကအသိပေးသည်။

သတင်း

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။