Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမှတီးတိန်တက်​သောစစ်​ကောင်စီတပ်ယာဥ်တန်းကို​ဒေသခံကာကွယ်​ရေးအဖွဲ့များကတိုက်ခိုက်ရာ စစ်တပ်ဗျူဟာမှူးဒဏ်ရာအပြင်းအထန်ရ

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။

(CDM-စီးယင်း ၊PDF(ဇိုးလန်း)အပါအပါအဝင်ချင်း​ဒေသခံကာကွယ်​ရေးတပ်များ။ ။ဓါတ်ပုံ-CDM-စီးယင်း)
(CDM-စီးယင်း ၊PDF(ဇိုးလန်း)အပါအပါအဝင်ချင်း​ဒေသခံကာကွယ်​ရေးတပ်များ။ ။ဓါတ်ပုံ-CDM-စီးယင်း)

ကလေးမြို့မှ ချင်းတောင်တက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှဗျူဟာမှူး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ် CDF-CMD (စီးယင်း)၏ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်များသည် ဇွန် ၁၆ ရက်က စစ်ကား ၁၇ စီးဖြင့် ကလေးမြို့မှ တီးတိန်မြို့ကို တက်လာစဉ် ဇွန် ၁၇ ရက်က CDF CDM-Siyin နှင့် PDF Zolandတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ခေါက် ၁၆ ရက်နေ့တက်ပွဲမှာပါလာတဲ့ဟားခါးစကစ ဗျုဟာမှူးလည်းအပြင်းအထန်ဒဏ်ရာရရှိကြောင်းသတင်းရထားပါတယ်”ဟု CDF-CDM(စီးယင်း)မှ တာဝန်ရှိသူကပြောသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။

စစ်ကောင်စီကားတန်းများ ချင်းတောင်ပေါ်တက်လာပါက ပြည်သူများအ​နေဖြင့်ခရီးသွားခြင်းမပြုရန်နှင့် စစ်ကောင်စီကားများသည် ပြည်သူ့ပိုင်ကားများကို အကာအကွယ်ယူပြီး သွားလာခြင်းကြောင့် ကာကွယ်ရေးတပ်များ တိုက်ခိုက်ရန်အခက်အခဲဖြစ်ရသည်ဟု CDM(စီးယင်း)ကဆိုသည်။ထို​ကြောင့် စစ်​ကောင်စီကားများအတက်အဆင်းရှိလျှင် ပြည်သူများက ခရီးမထွက်ရန် ၊ စစ်ကောင်စီကားများနှင့်ကပ်မသွားရန် အထက်ပါတာဝန်ရှိသူက​ပြောသည်။

“ပြည်သူအားလုံး ငြိမ်းချမ်း စေချင်တဲ့ PDF အနေနဲ့ဒီတစ်ခါ နောက်ဆုံးပြည်သူကိုငဲ့ညာခြင်းဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြည်သူများအ​နေဖြင့် စစ်​ကောင်စီကားများနှင့်အတူ ခရီးသွားပါက သက်ညှာ​ပေး​တော့မည်မဟုတ်​ကြောင်း​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

သတင်း

မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

သတင်း

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်စစ်​ကောင်စီတပ်က အဓမ္မသိမ်းလုသွားသည့် ပြ​ည်သူများ၏ ဆိုင်ကယ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြန်လည်ရယူ၍ ပြည်သူများထံ ပြန်လည်အပ်နှံခဲ့သည်။