Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် ​ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့ဆု​တောင်းပွဲနှင့် ချီတက်ဆန္ဒပြပွဲ စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရ

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

ဓာတ်ပုံ - Kachin News Group
ဓာတ်ပုံ - Kachin News Group

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဘုံကျေးရွာတွင် ဒေသခံများက ​ဒေါ်​အောင်ဆန်းစုကြည်၏ ​မွေး​နေ့ဆု​တောင်းပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ယနေ့ပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - Kachin News Group
ဓာတ်ပုံ – Kachin News Group

လုံးခင်းကျေးရွာအုပ်စု၊ မှော်ဘုံကျေးရွာတွင် ယနေ့(ဇွန် ၁၉ရက်) နေ့လယ် ၁၂နာရီခန့်က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး သုံးကြိမ်ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“မှော်ဘုံမှာ သပိတ်စစ်ကြောင်းတစ်ခုရှိနေတုန်း စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းထုတာ။ စစ်ကြောင်းကို မထိဘူး။ ဒေသခံသုံးယောက်တော့ ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူသုံးဦးအနက် (၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဒဏ်ရာပြင်းထန်၍ ဖားကန့်ဆေးရုံတွင် တက်ရောက်ကုသနေရသည်။

ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို နေ့စဥ်ပြုလုပ်နေသည်။

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။

သတင်း

မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

သတင်း

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်စစ်​ကောင်စီတပ်က အဓမ္မသိမ်းလုသွားသည့် ပြ​ည်သူများ၏ ဆိုင်ကယ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြန်လည်ရယူ၍ ပြည်သူများထံ ပြန်လည်အပ်နှံခဲ့သည်။