Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထူးကြီးမြို့ စစ်ဆင်​ရေးတစ်ခုတွင် ပြည်သူ့ကာကွယ်​ရေးရဲ​ဘော်နှစ်ဦး ကျဆုံး

စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အား နည်းသည်ဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခပ်စိပ်စိပ်လှုပ်ရှားလာနေသည်။

People's Spring
People's Spring

ဧရာဝတီတိုင်း၊ ထူးကြီးမြို့တွင် စစ်​ကောင်စီတပ်သတင်းပေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းပြီး​နောက် ပြန်ဆုတ်ခွာလာသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးသည် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်၍ ကျဆုံးခဲ့ရသည်။

ထူးကြီးမြို့ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော စွန်ရဲနီအဖွဲ့မှ တပ်ဖွဲ့ဝင်ရဲ​ဘော်နှစ်ဦးက သွားရောက်ရှင်းလင်းပြီးအပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က နောက်မှလိုက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“လူငယ်နှစ်ယောက် စစ်​ကောင်စီတပ်သား​တွေ လိုက်ပစ်လို့ ကျဆုံးသွားတယ်။ အဓိကက လက်နက်မရှိလို့ပဲ။ ပြန်ပစ်စရာသေနတ်မရှိတဲ့အခါ တန်ဖိုးရှ်ိတဲ့အသက်နှစ်ချောင်းဆုံးရှုံးလိုက်ရတယ်”ဟု ထူးကြီးမြို့မှ ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကျဆုံးသူ လူငယ်နှစ်ဦးမှာ စွန်ရဲနီပြည်သူ့ကာကွယ်ရေးအဖွဲ့၊အောင်ဆန်းတပ်ရင်းမှ ဗိုလ်ဇီးရိုးနှင့် ကိုနေဝင်းတို့ဖြစ်သည်။

အင်အားမမျှ၍ ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းရကြောင်း စွန်ရဲနီပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မဟာမိတ်ဖြစ်သော ဧရာနဂါးညီနောင်အဖွဲ့က သဝဏ်လွှာထုတ်ပြန်ထားသည်။

စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အား နည်းသည်ဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခပ်စိပ်စိပ်လှုပ်ရှားလာနေသည်။

ဇွန်လ၂ရက်ကလည်း ထူးကြီးမြို့အနီး ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင်အဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းကာလတွင်ပင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။

ထို့အပြင် မေလကုန်ခန့်ကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့က တိုက်ခိုက်ခဲ့သည်။

ဧရာဝတီတိုင်းမှ လူငယ်အများအပြားသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များထံတွင်စစ် သင်တန်းတက်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် PDFအနေဖြင့် တာဝန်ထမ်းဆောင်​နေကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၄ ရက်ကလည်း ခင်ဦးမြို့နယ် သာဂရကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် နေအိမ် ၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး (၇၉)နှစ်အရွယ် အဘွားအိုတစ်ဦးပါ မီးလောင်သေဆုံးခဲ့သည်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို မီးရှို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူလူထုများ ဂရုစိုက်ရှောင်ရှားကြရန် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အသိပေးသည်။

သတင်း

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

သတင်း

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီBEGSC-MYAINGက "အညာသူအညာသားတွေရဲ့ရဲရဲတောက်တော်လှန်ရေးစိတ်ဓာတ်"ဟု ရေးသားကာ လှူဒါန်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။