Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဘေးရှောင်နေသော ရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ဖယ်ခုံ PDF ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေ

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ (ဇွန် ၁၉ ရက်)နေ့လည် ၁ နာရီခန့်က လွယ်ပေါကျေးရွာနှင့် ဆောင်နန်းခဲရွာကြားတွင် လဟယ်ကျေးရွာ၊မခေခမ်းကျေးရွာနှင့် လွယ်ပေါကျေးရွာတို့မှ ​ဒေသခံပြည်သူများစစ်ရှောင်နေချိန် ကိုင်းရှည် လယ်ယာလက်တွန်းထွန်စက်များနှင့်ပစ္စည်းများကို စစ်ကောင်စီနှင့် PNO တို့က ဒန်ဘာကား သုံးစီးဖြင့် ခိုးယူခဲ့သည်ဟု ဆိုသည်။

(ဒေသခံ ပြည်သူများ၏ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့အား ​တွေ့ရစဥ်)
(ဒေသခံ ပြည်သူများ၏ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့အား ​တွေ့ရစဥ်)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အရှေ့ကမ်းရှိ စစ်ဘေးရှောင်နေသော ကျေးရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီ နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂)က ယနေ့(ဇွန် ၂၀ ရက်) ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ (ဇွန် ၁၉ ရက်)နေ့လည် ၁ နာရီခန့်က လွယ်ပေါကျေးရွာနှင့် ဆောင်နန်းခဲရွာကြားတွင် လဟယ်ကျေးရွာ၊မခေခမ်းကျေးရွာနှင့် လွယ်ပေါကျေးရွာတို့မှ ​ဒေသခံပြည်သူများစစ်ရှောင်နေချိန် ကိုင်းရှည် လယ်ယာလက်တွန်းထွန်စက်များနှင့်ပစ္စည်းများကို စစ်ကောင်စီနှင့် PNO တို့က ဒန်ဘာကား သုံးစီးဖြင့် ခိုးယူခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့နောက် စစ်ကောင်စီပူးပေါင်းအဖွဲ့ ညောင်ရွှေမြို့နယ်ဘက်သို့ ပြန်လာရာလမ်းတွင် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ် ပါလာသူ စကစ နှင့် PNO ​ခြောက်ဦးခန့်ထိမှန်ခဲ့ပြီး ​လေးဦးသေဆုံးနိုင်ခြေရှိကာ နှစ်ဦး ဒဏ်ရာပြင်းထန် နိုင်ကြောင်းဖော်ပြသည်။

ဖယ်ခုံ PDF တပ်ရင်း (၂) ရဲဘော်များသည် ရန်သူပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိခင် တပ်ဆုတ်နိုင်ခဲ့သဖြင့်ထိခိုက်မှု့မရှိခဲ့ဟု အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် PNOတို့ပူးပေါင်းကာ ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများသို့ မေလ ၁၃ ရက်ကစ၍ စစ်ကြောင်းထိုးနယ် မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ တစ်လကျော် ကာလအတွင်း ကျေးရွာ စစ်ရှောင်ပြည်သူများ၏ နေအိမ်အဆောက်အဦးများမီးရှို့ခံရသည့်အပြင်ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊မြေသြဇာနှင့် ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ် ဘက်သို့သယ်ယူလျှက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကျဉ်းထောင်တွေကို ICRC လေ့လာခွင့်နဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်တွေကို မြန်မာနိုင်ငံမှာ ကိုဗစ်စတွေ့တဲ့ ၂၀၂၀ ခုနှစ် မတ်လထဲက ဆိုင်းငံထားတာဖြစ်ပါတယ်။

သတင်း

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မြင်းခြံဒေသခံတစ်ဦးက "ကျွန်တော်တို့ ပထမစကြားတာက ၃ ဦးအရှင်းခံရတယ်ဆိုပြီး သိရတယ်။ ဒဏ်ရာရပြီး သေတဲ့သူထပ်တိုးသွားတာဖြစ်မယ်။"ဟုပြောသည်။

သတင်း

စစ်ကောင်စီ၏ သောင်းကျန်းသူများသည် ညောင်ပင်တဲကျေးရွာမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူဆောင်သွားပြီး ချောင်းဦးမြို့နယ်၊ ရွာတော်လေးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတဆင့် မည်သည့်ကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မတူပီမြို့နယ် ပညာရေးဘုတ် အဖွဲ့များ၏ ထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့သည်။