Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင်ခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုပစ်ခတ်သုတ်သင်​သောဖြစ်စဥ်တွင် ​ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ဟုဆို

ပစ်ခတ်ရှင်းလင်းခံရပြီးနောက်အကြမ်းဖက်စစ်တပ်ကပြောက်ကျားတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးရာMonywaHero Groupအဖွဲ့ကဗိုလ်လရောင်ဆိုသူသေဆုံးခဲ့ပြီး ပစ္စတို သေနတ်နှစ်လက်လည်း သိမ်းဆည်းရမိသ​ည်ဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများက​ဖော်ပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်စစ်ကောင်စီဝင်တစ်ဦး ရှင်းလင်းခံရသည့်ဖြစ်စဥ်တွင် ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇွန်လ ၁၉ရက်နေ့)နံနက် ၇နာရီ ၄၃မိနစ်ခန့်ကမုံရွာမြို့၊ကျောက္ကာလမ်းတွင် စစ်တပ်၏ မုံရွာခရိုင်စကစအဖွဲ့ဝင်အသက်၄၃ နှစ်အရွယ်ဦးသန့်ဇော်ထွန်းဆိုသူကားမောင်းလာစဥ် ပစ်ခတ်ရှင်းလင်းခံရသည်။ ထို့အပြင် နောက်မှလိုက်လာသော ရဲတစ်ဦးပါ ထပ်မံပစ်ခတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

ခရိုင် စကစအဖွဲ့ဝင်သည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ နှင်းဆီလမ်းနေ သရဖူဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ရှင်းလင်းခံရပြီးနောက်အကြမ်းဖက်စစ်တပ်ကပြောက်ကျားတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးရာMonywaHero Groupအဖွဲ့ကဗိုလ်လရောင်ဆိုသူသေဆုံးခဲ့ပြီး ပစ္စတို သေနတ်နှစ်လက်လည်း သိမ်းဆည်းရမိသ​ည်ဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများက​ဖော်ပြသည်။

သို့​သော်ဖမ်းဆီးသတ်ဖြတ်ခံရသူသည် Monywa Heroes Group-MHG အဖွဲ့က မဟုတ်ကြောင်း ၎င်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

“အသတ်ခံရတဲ့လူဟာ မြို့တော်ဝန်အဖြစ်ရွေးချယ်ခံထားရတဲ့လူလို့ သိရပါတယ်ခင်ဗျ။ ကျဆုံးသွားသောရဲဘော်ဟာ MHG က မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေး ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုကပါ။ ကျဆုံးသွားသောရဲဘော်ဟာ မှတ်ပုံတင်ပါသွားတဲ့အတွက် သူ့မိသားစု ဝင်တွေပါ အဖမ်းခံထားရပါတယ်ဗျ။ စစ်ကောင်စီ ရဲ့ ဝါဒဖြန့် မီဒီယာကနေပြီး ကျွန်တော်တို့ဘက်ကလို့ တင်ထားပါတယ်။ ကျွန်တော်တို့ မဟုတ်ပါဘူးဗျ။ MHGက မဟုတ်ပေမယ့် ကျဆုံးသွားတဲ့အတွက် ကျွန်တော်တို့လည်း ဝမ်းနည်း မိပါတယ်။”ဟုMHG အဖွဲ့ တာဝန်ရှိသူက ပြောသည်။

လုံခြုံရေးအ​ခြေအနေအရ အသေးစိတ် ပြောမပြနိုင်ခြင်းဖြစ်ကြောင်း Monywa Heroes Group အဖွဲ့ တာဝန်ရှိသူကဆက်​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

သတင်း

ဆန္ဒပြသူများက "ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား" ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများနှင့်အတူရပ်တည်ကြောင်း ပြသခဲ့ကြသည်။

သတင်း

မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

သတင်း

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း"အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု" ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။