Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ​တွေ့

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးလုပ်ဆောင်သူအချို့ကို ထိန်းသိမ်းပြီး သတိပေးခြင်းဖြင့်သာ KIAက ဆောင်ရွက်ပြီး သတ်ဖြတ်အရေးယူခြင်းမျိုး မပြုလုပ်ရန် တင်းတင်းကြပ်ကြပ်ညွှန်ကြားထားသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဖားကန့်တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ​တွေ့
ဖားကန့်တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ​တွေ့

ဖားကန့်မြို့တွင် အရပ်သားသုံးဦး လက်ပြန်ကြိုးတုပ်အသတ်ခံထားရသည့် ရုပ်အလောင်းများ ယနေ့(ဇွန် ၂၀ရက်)က တွေ့ရှိခဲ့သည်။

ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“လက်ပြန်ကြိုးတုပ်ပြီး သတ်ထားတာ။ ကျွန်တော်တို့ဒေသခံတွေကိုယ်တိုင် အံ့သြနေတာ။ ဟိုတလောလေးကလည်း လူလေးဦး အဲ့လိုပဲအသတ်ခံခဲ့ရတယ်။ လက်တွေကြိုးတုပ်တာ၊ ပါးစပ်ကို တိပ်နဲ့ ပိတ်ထားတာတွေက တစ်ပုံစံတည်းပဲ”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောလသည်။

Public Service Announcement
Public Service Announcement

ယခု အသတ်ခံရသူသုံးဦးသည် ဖားကန့်ဒေသခံများမဟုတ်ဘဲ အခြားမြို့နယ်မှလာရောက်သူများဖြစ် ကြောင်း လုံခင်းကျေးရွာအုပ်စုဒေသခံများက ပြောသည်။ လွန်ခဲ့သည့် မေလ ၃၁ရက်ကလည်း ဖားကန့်ဒေသခံမဟုတ်သည့် လေးဦးလည်း လက်ပြန်ကြိုးတုပ်သတ်ထားသည့် အလောင်းများ တွေ့ရှိခဲ့ရသေးသည်။

” ဒါဟာ ဒလန်ရှင်းလင်းရေးမျိုး မဟုတ်ဘူး။ ဖားကန့် PDFအနေနဲ့ ဒလန်ရှင်းလင်းရေး လုံးဝမဟုတ်ဘူး။ KIA ကလည်း ဒလန်ရှင်းလင်းရေးမလုပ်ရဘူးလို့ တိတိကျကျ ညွှန်ကြားထားတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေတယ်”ဟု ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးလုပ်ဆောင်သူအချို့ကို ထိန်းသိမ်းပြီး သတိပေးခြင်းဖြင့်သာ KIAက ဆောင်ရွက်ပြီး သတ်ဖြတ်အရေးယူခြင်းမျိုး မပြုလုပ်ရန် တင်းတင်းကြပ်ကြပ်ညွှန်ကြားထားသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

သတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အာဆီယံတို့၏ အခန်းကဏ္ဍနှင့် ရပ်တည်ချက်ကို နော်ဒစ်နိုင်ငံများက အားပေးထောက်ခံကြောင်း ပြောသည်။

သတင်း

ဖားကန့်​ဒေသသည်နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအလွန်အကျွံတူး​ဖော်မှု​ကြောင့် ​​​တော​တောင်များ မရှိ​တော့ခြင်း၊ဥရု​ချောင်းအပါအဝင် ​ချောင်းများ​ကော၍ ​ရေလမ်း​ကြောင်း​ပြောင်းလဲခြင်း ၊သစ်​တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့်​ ​ရေကြီး​ရေလျှံမှုများဖြစ်ပွား​နေသည်။

သတင်း

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။