Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန် ကွန်မန်ဒိုအထူးတပ်ဖွဲ့ဖွဲ့စည်း

စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိရှိစွာသွားလာနေထိုင်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

(အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဖွဲ့အား စတင်လေ့ကျင့်နေစဥ်)
(အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဖွဲ့အား စတင်လေ့ကျင့်နေစဥ်)

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန် ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းနေပြီဖြစ်ကြောင်း အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်မဟာ (၇)၊တပ်ရင်း – ၇၀၃က ထုတ်ပြန်သည်။

ထို့အပြင် စစ်​ကောင်စီတပ်၏ စစ်စခန်း​များ၊ မြို့သိမ်း တိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ချင်း၊မကွေးနှင့် စစ်ကိုင်းတိုင်းရှိ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသများကို ကိုယ်စားပြုထားသည့် အ​နောက် ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကွန်မန်ဒိုအထူးတပ်ဖွဲ့ကို စတင်လေ့ကျင့်ပေးနေပြီဟု တပ်ရင်း – ၇၀၃ မှ တပ်ရင်း မှူးကိုစိုးမိုး အသိပေးသည်။

“ကျွန်တော်တို့ လူနည်းနည်း၊ အရည်အသွေးပြည့်မှီတဲ့ တကယ့် အထူးတပ်ဖွဲ့ ဖြစ်လာဖို့ကြိုး ပမ်းနေတယ်။အခုရဲဘော် ၃၀ကိုရွေးထားပြီး လေ့ကျင့်ရေးအစီအစဥ်တွေ စနေပြီ”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

သို့သော် လက်နက်ခဲယမ်းပြည့်စုံစွာ ထပ်မံတပ်ဆင်နိုင်ရန် ပြည်သူများ၏ အကူအညီများလိုအပ်နေဆဲဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ အနောက်ပိုင်းတိုင်စစ်ဒေသတွင် ဂန့်ဂေါခရိုင် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်မှအင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု တပ်ရင်း ၇၀၃က ပြောသည်။

စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိရှိစွာသွားလာနေထိုင်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

သတင်း

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

သတင်း

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။