Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်တွင်စစ်​ကောင်စီတပ်ကိုPDFကသုံးကြိမ်တိုက်ခိုက်အနည်းဆုံး နှစ်ဦး​သေ

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်များ။ ။ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းအတွင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်များ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မြို့တွင်းအပါအဝင် မုံရွာ-မန္တလေးလမ်းပေါ် နေရာသုံးနေရာ၌ စစ်ကောင်စီတပ်အားသုံကြိမ်တိုင်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနှစ်ဦးထက်မနည်းသေဆုံးကြောင်းချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

ဇွန်လ ၃ ရက်နေ့က ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ ၂ ခုက နေရာသုံးနေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။

ထို့အပြင် ငါးယှန်ရွာနှင့် နတ်ရေကန်ရွာအကြား မုံရွာဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီတပ်ယာဥ်တန်းအား ချောင်းဦး PDF တပ်ခွဲ ၂ မှ ပဒေသာမိုင်းဖြင့်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ချောင်းဦး PDF က ပြောသည်။

အလားတူ နတ်ရေကန်ရွာနှင့် ရေပိုးစားရွာကြားတွင်လည်း မန္တလေးဘက်မှ မုံရွာဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီတပ်ယာဥ်တန်းအား ချောင်းဦး PDF တပ်ခွဲ ၂ မှ ပဒေသာမိုင်းခွဲ၍ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း ချောင်းဦး PDF က ပြောသည်။

အထက်ပါ တိုက်ခိုက်မှု သုံးခုနှင့်ပတ်သက်၍ ချောင်းဦး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့ နံနက်(၁၁)နာရီဝန်းကျင်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ် ချောင်းဦးမြို့မှထွက်ခွာလာသည့်အကြမ်းဖက်စစ်ကောင်စီ၏ မိုးကာအနီကြားအုပ်ထားသည့် ကားငါးစီးတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့သည်ဟုသိရသည်။

ထိုအပြင်နေ့လယ်ပိုင်းကလည်း မုံ​ရွာ – မန္တလေး လမ်းမကြီး၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် အစီးငါးဆယ်ကျော်ပါသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

သတင်း

ကန့်ဘလူ​မြောက်ခြမ်း မတည်မငြိမ်အ​ခြေအ​နေများ​ကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–​ကိုး​တောင်ဘို့–​ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။

သတင်း

ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။

သတင်း

"စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။"ဟု GNC မှတာဝန်ရှိသူကပြောသည်။