Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေး​တောင်ပိုင်း စစ်​ကြောင်းထိုး​လာ​သော စစ်​ကောင်စီတပ်ကို ဒေသခံကာကွယ်​ရေးတပ်များ​ လေးရက်ဆက်တိုက်ခိုက်

စစ်ကောင်စီတပ်နှင့် PDF(ကလေး)တို့ကြား မေ ၂၈ ရက်မှ မေ ၃၁ ရက်အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

က​လေး​တောင်ပိုင်း စစ်​ကြောင်းထိုး​လာ​သော စစ်​ကောင်စီတပ်ကို ဒေသခံကာကွယ်​ရေးတပ်များ​ လေးရက်ဆက်တိုက်ခိုက်
က​လေး-PDF တပ်ဖွဲ့ဝင်များ

ကလေးမြိုနယ်တွင် စစ်ကောင်စီတပ်နှင့်လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံးလေးဦး​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း PDF (ကလေး)ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် PDF(ကလေး)တို့ကြား မေ ၂၈ ရက်မှ မေ ၃၁ ရက်အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

​မေလ ၂၈ရက်တွင်စစ်ကောင်စီတပ်သည် ကလေးမြို့တောင်ပိုင်း၊ရန်ကြီးအောင်ရွာဘက်မှဟဲလုပ်ရွာသို့စစ်ကြောင်းထိုး

လာသဖြင့် PDF(ကလေး)၊ CNDF ၊ CDF(KKG)တို့ကပူး​ပေါင်းတိုက်ခိုက်ရာမနက် ၉နာရီမှ နေ့လယ် ၁၂ နာရီအထိ ဟဲလုပ်ရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်ထားသည်။

တစ်ချိန်တည်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ထောက်ကြံရွာအနောက်ဘက်ရှိ PDF(ကလေး) တပ်ရင်း ၂ ၏စခန်းဟောင်းကို အင်အား ၂၀၀ဖြင့် ဝင်ရောက်ခဲ့သည်။ PDF(ကလေး)က တိုက်မိုင်းများ​ထောင်ခဲ့ရာ တိုက်မိုင်းများပေါက်ကွဲ၍ စစ်ကောင်စီတပ်သားအများအပြားထိမှန်ခဲ့သည်ဟုလည်း​ဖော်ပြထားသည်။

“စခ(စစ်ကောင်စီတပ်) တွေ စခန်းသိမ်း/မသိမ်း အတည်မပြုနိုင်သေးပါဘူး၊အခုကတော့ ရဲဘော်တွေ ဘေးကင်းရာ ​နေရာ အသီးသီးကို ခွဲပြီးပြောင်းရွှေ့ထားပါတယ်၊ တပ်ရင်း-၂ နဲ့ ပ.က.ဖ က ရဲဘော်တွေကတော့ တစ်ဦးတစ်ယောက်မှ အထိအခိုက်မရှိပါဘူးဗျ”ဟုPDF(ကလေး) တပ်ရင်း-၂ တာဝန်ရှိသူကပြောသည်။

မေလ ၂၉ ရက်တွင် PDF(ကလေး) တပ်ရင်း-၂ စခန်းဟောင်းကို ဝင်ရောက်မွှေနှောက်ခဲ့​သောစစ်ကောင်စီတပ်များသည် ဇော်လ်ပီးရွာနှင့် သုံးအိမ်စုရွာ များသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြသည်။ထို့အပြင် စစ်ကောင်စီတပ်က သုံးအိမ်စုရွာမှ စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ သုံးအိမ်စုရွာအနီးတွင်စစ်ကောင်စီတပ်များကို PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်သည်ဟုလည်းအသိ​ပေးထားသည်။

မေလ၃၀ရက်တွင်သုံးအိမ်စုရွာမှလေးအိမ်စုရွာသို့စစ်ကောင်စီတပ်များဆက်လက်ထွက်လာရာလေးအိမ်စုရွာအနီးတွင် PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ခန့် ထိမှန်ခဲ့သည်ဟု PDF(ကလေး)က​ပြောသည်။ ထိုနောက် စစ်ကောင်စီတပ်သည် မြို့လှရပ်ကွက်သို့ ဆုတ်ခွာသွားခဲ့သည်။

​မေလ ၃၀ ရက်မှာပင် အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်သည့် ကလေးနည်းပညာတက္ကသိုလ်မှ ထောက်ကြံရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ မေ ၃၁ ရက် ( ယနေ့ ) တွင် အထက်ပါ အင်အား ၂၀၀ပါ စစ်ကြောင်းကို နတ်မြောင်းရွာအနီးတွင် PDF(ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ နေ့လယ် ၂နာရီတွင် စစ်ကောင်စီတပ်များသည် နတ်မြောင်ရွာနှင့်နတ်ချောင်းရွာများကို ဝင်ရောက်ခဲ့သည်။ ထိုကြောင့် PDF (Kalay) ၊ CNDF ၊ CDF (KKG) နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များဖြင့် ၃၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု PDF(ကလေး)ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကပစ်ခတ်ခဲ့သည့်လက်နက်ကြီးသည် နတ်မြောင်းရွာ ဘုန်ကြီးကျောင်းအတွင်းကျရောက်ပြီး ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် စစ်ဘေးရှောင် ၅ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ညနေ ၆နာရီခန့်က စတင်ပြီး နတ်ချောင်းရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု PDF(ကလေး)က​ပြောသည်။

“လူထုကိုပြောချင်တာကတော့ ကျနော်တို့ ပိုခက်ခဲလာတယ်။ အရင်ကဘာပဲဖြစ်ဖြစ်စခန်းအတည်တကျရှိတော့လက်နက်ခဲယမ်းအတွက်ပဲ အားစိုက်စုဖြစ်တယ်။ အခုစခန်းပြန်တည်

ဆောက်ရရင်တော့ တစ်ကပြန်စရမယ့်သဘောဖြစ်လို့ အစစအရာရာ လိုအပ်နေတာပေါ့။ အခက်အခဲနဲ့အောင်ပွဲဟာတွဲလျက်ပဲမို့ ကျတော်တို့ဘက်က ဘယ်တော့မှ စိတ်ဓါတ်ကျသွားမှာ မဟုတ်ဘူးလို့ လူထုကို ကတိပေးချင်ပါတယ်။နိုင်သလောက်လေးနဲ့ နည်းများမဆို ကူညီကြပါဦးလို့လည်း မေတ္တာရပ်ခံချင်ပါတယ်ဗျ” ဟု PDF(ကလေး) တပ်ရင်း-၂ တာဝန်ရှိကပြောသည်။

လက်ရှိတွင်ကလေးဒေသတွင် စစ်ရေးဆက်လက်တင်းမာနေပြီး ကလေးမြို့တောင်ပိုင်းကို မလိုအပ်ခရီးမသွားရန်လည်း PDF(ကလေး)ကမေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

သတင်း

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

သတင်း

မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People's Task Forceက ရှင်းလင်းခဲ့သည်။

သတင်း

KNDF၏ စစ်ဦးစီးနှင့် မဟာမိတ်အဖွဲ့အစည်းတို့သည် KNDF အား ဆက်လက် လမ်းညွှန် စောင့်ရှောက်လျက်ရှိကြောင်း၊ KNDF၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ခံပေးနေသည့် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် KA ရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။