Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGက ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMKနှင့် NUG-pay မိုဘိုင်းပိုက်ဆံအိတ်ကိုထုတ်​ဝေ​ကြောင်း​ကြေညာ

DMMKကို NUGpay မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်သုံးရမည်ဖြစ်သည်DMMKသည် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပြီး NUGpayသည် အဆိုပါငွေကြေးကို ငွေပေးငွေယူပြုလုပ်ရာတွင် အသုံးပြုငွေပေးချေရမည့် မိုဘိုင်းငွေပေးချေသောပလက်ဖောင်းနည်းစနစ်ဖြစ်သည်။

NUG-pay
NUG-pay

ဒစ်ဂျစ်တယ်မြန်မာကျပ် -DMMK(Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို တရားဝင်​ငွေ​ကြေးအဖြစ်ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဇွန် ၂၆ ရက်)တွင်ထုတ်ပြန်ကြေညာလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားသည့် ငွေကြေးစီးဆင်းမှုအပေါ်မှီခိုရမှုကို အဆုံးသတ်ရန်နှင့် စစ်အာဏာရှင် စနစ်အမြစ်ဖြတ် ချေမှုန်းရန် သီးခြားလွတ်လက်သည့် ငွေကြေးလည်ပတ်မှု ယန္တရားတစ်ခု ဖော်ဆောင်ရန်ရည်ရွယ်၍ အထက်ပါငွေကြေးကို တရားဝင် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေခြင်းဖြစ်သည်ဟု​​ကြေညာချက်တွင်​ဖော်ပြထားသည်။

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒစ်ဂျစ်တယ်မြန်မာကျပ် -DMMKနှင့် တွဲဖက်အသုံးပြုရမည့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တစ်ပါတည်း ထုတ်ဝေလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုငွေကြေးစနစ်သတ်မှတ်ခြင်းသည် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများအရ ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်းအသိ​ပေးထားသည်။

“NUGPay ဝန်ဆောင်မှုများကို ရယူနိုင်ရန် အေးဂျင့်မှ တဆင့် Activate လုပ်ရမည် ဖြစ်ပြီး မကြာမီ အချိန်အတွင်းတွင် နိုင်ငံတကာရှိ agent များကိုလည်း ကြေညာသွားမည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် တရားဝင် Agent များ၌သာ NUGPay Account ဖွင့်လှစ်ခြင်း၊ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” ဟု NUGpayကရှင်းပြထားသည်။

DMMKကို NUGpay မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်သုံးရမည်ဖြစ်သည်DMMKသည် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပြီး NUGpayသည် အဆိုပါငွေကြေးကို ငွေပေးငွေယူပြုလုပ်ရာတွင် အသုံးပြုငွေပေးချေရမည့် မိုဘိုင်းငွေပေးချေသောပလက်ဖောင်းနည်းစနစ်ဖြစ်သည်။

စစ်ကောင်စီက NUGမှ မိုဘိုင်းငွေပေးချေစနစ်ကို ကိုယ်ပိုင်တည်ထောင်မည်ဟု သတင်းများထွက်ပေါ်လာချိန်မှ စတင်ပြီး စစ်ကောင်စီက ခွင့်ပြုထားခြင်းမရှိသည့် မိုဘိုင်းငွေပေးချေမှုများ၊ ဒစ်ဂျစ်တယ်ငွေကြေးများကို ထောင်ဒဏ်နှစ်နှစ်ချနိုင်သည့် ဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

သတင်း

တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိလာရေး ကြိုးပမ်းရာတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၊ ကုလအထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)တို့နှင့်ချိတ်ဆက်ဆောင်ရွက်မည်ဟု ဆိုသည်။

သတင်း

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုမှတစ်ဆင့် ပြည်သူများတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းပြမြေပုံအတိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်းလျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။