Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ကြီးထုတ်လုပ်​နိုင်ရန် လိုအပ်​နေ​သောရန်ပုံ​​ငွေကိုအမျိုးသမီးPDF များက​ဈေး​ရောင်း၍ရှာ​ဖွေ

ယင်းမာပင်မြို့နယ်တွင်ဇွန်လ ၂၃ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ကြောင်းရွှေတြိဂံတပ်ရင်း(GTF)က ထုတ်ပြန်ထားသည်။

(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)
(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)

လက်နက်ကြီးထုတ်လုပ်ရေးနှင့်တပ်ဖွဲ့အတွက်လိုအပ်နေသည့် ရံပုံငွေကို အမျိုးသမီးတပ်ဖွဲ့ဝင်များက စျေးရောင်းပြီး ရှာဖွေခြင်းဖြင့် ​စစ်အာဏာရှင်တော်လှန်ရေးကို အပင်ပန်းခံကြိုးစားနေကြောင်းယင်းမာပင်မြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က လူထုအား အသိပေးသည်။

ယင်းမာပင်မြို့အခြေစိုက် ရွှေတြိဂံတပ်ရင်း(GTF)၊တပ်ခွဲ(၄)ဖြစ်သောစစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)မှ တပ်ဖွဲ့ဝင်အမျိုးသမီးရဲဘော်များသည်စျေးရောင်း၍တပ်ဖွဲ့အတွက်ရံပုံငွေရှာဖွေပေးနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရဲဘော်မလေးတွေအခုစျေးရောင်းနေတယ်။မုန့်လေးတွေလုပ်ရောင်းတယ်။ ကွမ်းလည်းရံဖန်ရံခါရောင်းတယ်။ရတဲ့အမြတ်ကစစ်ကောင်စီမောင်းထုတ်တဲ့နေရာမှာ သုံးဖို့အတွက်တဲ့” ဟု စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)မှ ရဲဘော်တစ်ဦးကပြောသည်။

စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)တွင် အမျိုးသမီးတပ်ဖွဲ့ဝင် (၂၀)ဦးရှိနေပြီး မြွေဆိုးမလေးများဟု အမည်ပေးထားသည်။ ၎င်းတို့အားလုံးသည်စစ်ကောင်စီတိုက်ခိုက်ဆန့်ကျင်ရေးတွင် နည်းမျိုးစုံပူးပေါင်းပါဝင်ပေးနေသည်ဟုတိုက်ခိုက်ရေးရဲဘော်များကပြောသည်။

“လက်နက်ခဲယမ်းအတွက်ငွေကြေးအခက်အခဲကိုသိနေရသူလေးတွေမို့ရရာနည်းနဲ့ ခွေးသုတ်သင်ရင်း၊ငွေရှာရင်းပင်ပန်းနေကြရသူလေးတွေပါခမျာ။လူငယ်တွေကဘဝတွေအသက်တွေနဲ့ရင်းပြီး နောင်မျိုးဆက်အတွက်လွတ်မြောက်မှုတရားမျှတမှုတွေဖော်ဆောင်ပေးနေပါပြီ။ငွေကြေးတတ်နိုင်သူများက နောက်ကနေပဲ လှူဒါန်းပေးကြပါခမျာ” ဟုစစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကထုတ်ပြန်ထားသည်။

စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)၏လက်နက်ထုတ်လုပ်ရေးနေရာတစ်ခုကိုစစ်ကောင်စီတပ်ကဧပြီလအတွင်းဖျက်ဆီးသွားခဲ့သည်။ ယခုအခါ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းစဥ် ပြန်လည်စတင်မည်ဖြစ်၍ ရံပုံငွေလိုအပ်နေကြောင်း စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF) ရဲဘော်တစ်ဦးကပြောသည်။

(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)
(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)

ထောက်ပံ့လှူဒါန်းလိုသူများအနေဖြင့် စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ
https://www.facebook.com/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%81%E1%80%B6-%E1%80%99%E1%80%BC%E1%80%BD%E1%80%B1%E1%80%86%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%9E%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-PDF-101781545750589/ နှင့်

ရွှေတြိဂံတပ်ရင်း(GTF)၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/Golden-Triangle-Force-109043754924928/သို့ ဆက်သွယ်နိုင်​ကြောင်းအသိ​ပေးထားသည်။

ယင်းမာပင်မြို့နယ်တွင်ဇွန်လ ၂၃ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ကြောင်းရွှေတြိဂံတပ်ရင်း(GTF)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရင် အကြမ်းဖက်လုပ်ရင် ဖက်ဆစ်ဆန်တဲ့စစ်အာဏာရှင်လုပ်ရပ်ကို ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့အနေနဲ့ ဘယ်လိုမှလက်ခံနိုင်ခြင်းလုံး၀မရှိပဲ အတိအလင်းကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခံရသူသုံးဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အတွေးအမြင်ဆောင်းပါး

မင်းတို့ရဲ့ကျဆုံးသတင်းတွေမကြာခဏတက်လာတော့ဘယ်သူမွေးမွေးငါတို့သွေးသားတွေပါဆိုတဲ့ပြည်သူများထပ်ခါထပ်ခါ ရင်ကွဲနေကြပြီ။ အောင်ပွဲသတင်း​များကိုသာ​မျော်​လင့် နေကြတဲ့ပြည်သူများအတွက် ငါ့ညီတို့ ဂရုစိုက်ကြပါကွာ။