Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် PDF ပူးပေါင်းအဖွဲ့ ယာဥ်များကို စစ်ဆေး၊ ခရီးသွားပြည်သူများမှ ကြည်ဖြူစွာစစ်ဆေးခံဟုဆို

“ပြည်သူတွေ ပူးပေါင်းပါဝင်မှ ပြီးဆုံးမယ့် တိုက်ပွဲမို့ရတဲ့နေရာက ဝိုင်းဝန်းပါဝင်ကူညီကြပါလို့ပြောလိုပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေရဲ့အားဟာ ပြည်သူကိုအဓိက ထားရတာပါ”ဟု BPO/PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ဗမာ့ဇာမဏီအဖွဲ့(BPO)
ဓာတ်ပုံ - ဗမာ့ဇာမဏီအဖွဲ့(BPO)

မုံရွာ – မန္တလေးလမ်းပိုင်းတစ်နေရာတွင် PDF ပူးပေါင်းအဖွဲ့မှ ခရီးသွားယာဥ်များအားစစ် ဆေးမှုပြုလုပ်ခဲ့ရာ ပြည်သူများမှ ကြည်ဖြူစွာစစ်ဆေးခံခဲ့ကြောင်း ဗမာ့ဇာမဏီအဖွဲ့(BPO)က ယနေ့(ဇွန် ၂၇) ထုတ်ပြန်သည်။

BPO/BPF ရဲဘော်များနှင့် ဒေသခံ LPDF အဖွဲ့များပူးပေါင်းပြီး မုံရွာ – မန္တလေးလမ်းမပေါ်ရှိ ကားများကိုတားဆီး၍ စစ်ကောင်စီထုတ်ကုန်များ သယ်ဆောင်မှုရှိမရှိ ၊ တပ်တွင်းသို့ ပို့မည့်ရိက္ခာများ ဟုတ်၊မဟုတ် စသည်တို့ကို စစ်ဆေးခဲ့သည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - ဗမာ့ဇာမဏီအဖွဲ့(BPO)
ဓာတ်ပုံ – ဗမာ့ဇာမဏီအဖွဲ့(BPO)

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် အတတ်နိုင်ဆုံး မပတ်သက်ရန် မေတ္တာရပ်ခံခဲ့ပြီး ပြည်သူများအားတော်လှန်ရေးအတွက် သွေးအေးမသွားကြရန်လည်း လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။

“ပြည်သူတွေ ပူးပေါင်းပါဝင်မှ ပြီးဆုံးမယ့် တိုက်ပွဲမို့ရတဲ့နေရာက ဝိုင်းဝန်းပါဝင်ကူညီကြပါလို့ပြောလိုပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေရဲ့အားဟာ ပြည်သူကိုအဓိက ထားရတာပါ”ဟု BPO/PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ ယာဥ်များအားစစ်ဆေးသည့်လှုပ်ရှားမှုကို စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ – မန္တလေးလမ်းပိုင်းတစ်နေရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားပြည်သူများမှလည်း ကြည်ဖြူစွာစစ်ဆေးခံသည့်အပြင် တာဝန်ကျရဲဘော်များအား မုန့်နှင့် ရေသန့်များပါတိုက်ကျွေးသွားကြသည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လတ်တလောတွင် ​ဖောင်းပြင်ဒေသ၌ အင်အားတိုးချဲ့နေသည့် စစ်ကောင်စီကို တိုက်ခိုက်လိုသော်လည်း လူအင်အားသာလုံလောက်ပြီး လက်နက်အင်အားနည်းနေ၍ အခက်အခဲကြုံနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

သတင်း

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးချဲ့နေပြီး ထိတွေ့တိုက်ပွဲများအချိန်မရွေးထပ်ဖြစ်လာနိုင်သောကြောင့် ပြည်သူများသတိပြုနေထိုင်ကြရန် အသိပေးထားသည်။

သတင်း

စစ်ကောင်စီဘက်ကတော့ ၈၄ လမ်းပစ်ခတ်မှုဖြစ်စဉ်ဟာ ဘဏ်ဓားပြတိုက်သူတွေကိုလိုက်လံဖမ်းဆီးတာဖြစ်တယ်လို့သတင်းထုတ်ထားပါတယ်။

သတင်း

အလားတူ ရွှေဘိုမြို့နယ်၊ ရွှေဘို - နောင်ကြီးအိုင်လမ်းတစ်လျှောက်အား ဇွန်လကုန်အထိ ည ၇ နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် C&T Shweboအဖွဲ့က သတိပေးကြေညာထားသည်။