Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံနယ် ဇလပ်ကုန်းရွာအုပ်ချုပ်ရေးမှူး၊ ၎င်း၏ဇနီးနှင့် ပျူတစ်ဦးအား ​ဒေသကာကွယ်​ရေးတပ်များ ရှင်းလင်း

အဆိုပါရှင်းလင်းမှူအား 27 Revolution Force၊ Myaung Fighter၊ MDY PDF၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဇလပ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ၎င်း၏ဇနီးနှင့် ပျူစောထီးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း 27 Revolution Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်က မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ထို့အပြင် ဇလပ်ကုန်းကျေးရွာ ​ဒေသခံပြည်သူများအား အမြဲဒုက္ခပေးလျက်ရှိသော ၎င်းကျေးရွာနေ ပျူစောထီးတစ်ယောက်ကိုပါ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်နောင်တွင်လည်း မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများအား ထိရောက်စွာဆုံးမသွားမည်ဟု ထပ်မံသတိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါရှင်းလင်းမှူအား 27 Revolution Force၊ Myaung Fighter၊ MDY PDF၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြင်းခြံမြို့နယ်သည် နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့် အစောဆုံးခုခံတော်လှန်တိုက်ခိုက်ခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်အကြမ်းဖက်မှုများ ခံ​နေရဆဲဖြစ်သည်။ယင်း​ဒေသတွင် ယနေ့အချိန်အထိ မိုဘိုင်းအင်တာနက်များလည်း ဖြတ်တောက်ခံထားရဆဲဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခံရသူသုံးဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သတင်း

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၁နာရီခန့်တွင် ဦးအောင်သန်းကို ၎င်း၏ နေအိမ်၌ပင်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ Dawei Guerrilla Revolutionary Force နှင့် ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဆို သည်။

သတင်း

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်။

သတင်း

"ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် "ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။