Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးအခြေစိုက် DRMပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရဟု အသိပေး

ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။

(ဇွန်လ ၂၇ရက် နံနက်ပိုင်းက ပြင်ဦးလွင် - မန္တလေးလမ်းပိုင်း၌ စစ်ဆင်ရေးပြုလုပ်နေစဥ်)
(ဇွန်လ ၂၇ရက် နံနက်ပိုင်းက ပြင်ဦးလွင် - မန္တလေးလမ်းပိုင်း၌ စစ်ဆင်ရေးပြုလုပ်နေစဥ်)

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော DRM Rangers Mandalay — PDF မှ ရဲဘော်အချို့ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံလိုက်ရကြောင်း DRMက အသိပေးထုတ်ပြန်သည်။

“ကျွန်တော်တို့ DRM အဖွဲ့ဝင်တချို့သည် Jun 27 နေ့ ညနေ 7:00 PM ခန့်တွင်​စစ်အုပ်စု၏ မတရားဖမ်းစီးခြင်းကို ခံခဲ့ရပါသည်”ဟု ဖော်ပြထားသည်။

ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။

“ကျွန်တော်တို့ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် DRMပြန်လာခဲ့ပါမယ်”ဟု DRM က အသိပေးထားသည်။

ယမန်နေ့(ဇွန် ၂၇)နံနက်ပိုင်းက ပြင်ဦးလွင် – မန္တလေးလမ်းပိုင်း သမ္မတောကျေးရွာအနီးတွင် အစီးရေရှစ်စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို DRM နှင့် ညီနောင်မဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားသုံးစီးမိုင်းထိကာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ညနေ ၅နာရီ၄၅မိနစ်ကလည်း မုံရွာမှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လုံခြုံရေး ရဲများ၏ ပွိုင့်ကားသုံးစီးနှင့် စစ်ကောင်စီတပ်အရာရှိတစ်ဦး၏ အိမ်စီးကားတစ်စီးမှာလည်း PDFများ၏ တိုက်ခိုက်ခံခဲ့ရသေးသည်။

သတင်း

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ - မန္တလေးလမ်းမကြီး၊ စစ်ကိုင်း - မြင်းမူ - မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

သတင်း

အဆိုပါ UGအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ဖမ်းဆီးရန် စတင်ဆော်သြခဲ့သူမှာ ရာအိမ်မှူးလုပ်သည့် ဗလကြီး(ခ) အောင်ကျော်မင်းဖြစ်ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

"ပြည်သူတွေ ပူးပေါင်းပါဝင်မှ ပြီးဆုံးမယ့် တိုက်ပွဲမို့ရတဲ့နေရာက ဝိုင်းဝန်းပါဝင်ကူညီကြပါလို့ပြောလိုပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေရဲ့အားဟာ ပြည်သူကိုအဓိက ထားရတာပါ"ဟု BPO/PDF မှ ရဲဘော်တစ်ဦးက ပြောသည်။