Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့နယ်ရှိ ဝါရီဆူးပလိုင်ရွာအား စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်

“ဝါရီဆူးပလိုင်က ကျေးရွာကြီးအဆင့် ။ဒေသခံအများစုကတော့ စစ်ဘေးရှောင်နေရတာ။အ ကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတာ ဒီနှစ်ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက”ဟု မိုးဗြဲမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

(ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ဝါရီဆူးပလိုင်ကျေးရွာဖြစ်သည်။ဓာတ်ပုံ - လွိုင်ကော်PDF)
(ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ဝါရီဆူးပလိုင်ကျေးရွာဖြစ်သည်။ဓာတ်ပုံ - လွိုင်ကော်PDF)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ်ရှိ ဝါရီဆူးပလိုင်ကျေးရွာအား စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့(ဇွန် ၂၈ရက်)တွင် ထုတ်ပြန်သည်။

စစ်ဇုန်အဖြစ်သတ်မှတ်ရသည့်အကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူလယ်ယာများ(ဧကစုစုပေါင်း ၁၀၀၀ ကျော်ခန့်)စိုက်ပျိုးခြင်းမပြုနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိတပ်စွဲ နေထိုင်လျက်ရှိသောကြောင့်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီမှ ကာလရှည်စွာတပ်စွဲထားသည့် မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာသည် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ၊KNDF BO – 3 နှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များမှ အစဉ်တစေ့စောင့်ကြည့်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်နေသည်။

ထို့ကြောင့် MBPDF၊ KNDFနှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ၎င်းကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီအား နည်းပေါင်းစုံဖြင့် ရိက္ခာဖြတ်တောက်နိုင်စေရန်အား လျှို့ဝှက်စွာ သဘောတူဆုံးဖြတ်ထားပြီးသားကိစ္စလည်းဖြစ်သည်ဟု ဆိုသည်။

Mission အောင်မြင်ရန် လျှို့ဝှက်သောနည်းလမ်းများဖြင့် အများပြည်သူများ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေးခဲ့သော်လည်း ဆက်လက်သွားလာနေသည့်အတွက်ကြောင့် ထုတ်ပြန်ရခြင်းဟု MBPDFက သတိပေးသည်။

ထို့ကြောင့် ယနေ့မှစ၍ မည်သည့်ပြည်သူ၊ မည်သည့်အဖွဲ့အစည်းမှ ဝါရီဆူးပလိုင်ကျေးရွာအား သွားလာခြင်းများ မပြုလုပ်ကြရန်လည်း တိုက်တွန်းသည်။

“ဝါရီဆူးပလိုင်က ကျေးရွာကြီးအဆင့် ။ဒေသခံအများစုကတော့ စစ်ဘေးရှောင်နေရတာ။အ ကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတာ ဒီနှစ်ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက”ဟု မိုးဗြဲမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

အကြိမ်ကြိမ်သတိပေးသည့်ကြားမှ လိုက်နာခြင်းမရှိဘဲ သွားလာခြင်းများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ၌ လိုက်ပါလေ့ရှိသည့် ရှမ်းနီတပ်ဖွဲ့(SNA)က ဗန်းမောက်မြို့တွင်း၌ လုပ်ငန်းရှင်များထံမှ ကျပ် ၁၀သိန်းစီ ဆက် ကြေးကောက်သွားကြောင်း ဖော်ပြထားသည်။

သတင်း

ပျိုးနှုတ်နေသူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့သော်လည်း လယ်ပြင်ရွာဘုန်းကြီးကျောင်းမှ စွမ်းစားဆောင်အုတ်ခုံထိမှန်၍ အနည်းငယ်ပျက်စီးပြီး မှန်အချို့ကွဲသွားကြောင်း သိရသည်။

သတင်း

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ - မန္တလေးလမ်းမကြီး၊ စစ်ကိုင်း - မြင်းမူ - မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

သတင်း

"ပြည်သူတွေ ပူးပေါင်းပါဝင်မှ ပြီးဆုံးမယ့် တိုက်ပွဲမို့ရတဲ့နေရာက ဝိုင်းဝန်းပါဝင်ကူညီကြပါလို့ပြောလိုပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေရဲ့အားဟာ ပြည်သူကိုအဓိက ထားရတာပါ"ဟု BPO/PDF မှ ရဲဘော်တစ်ဦးက ပြောသည်။