Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်မယ်

ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

ဝမ်ယိ
ဝမ်ယိ

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပစ်ပယ်မှုကြောင့် အထီးကျန်နေတဲ့ စစ်ကောင်စီထံ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အခုသီတင်းပတ်အကုန်မှာ လာရောက်မယ်လို့ သိရပါတယ်။

ဝမ်ယိဟာ လဲချန်း − မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကိုလာရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောထားပါတယ်။

ခရီးစဉ်အတွင်းမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ရှိ မရှိကိုတော့ မသေချာသေးကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဖြေထားပါတယ်။

ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

တရုတ်ဟာ စစ်တပ်အာဏာသိမ်းမှု ကို ရှုတ်ချမှုမရှိသလို စစ်အုပ်စုအတွက် အဓိကကျတဲ့လက်နက်ထောက်ပံ့နေတဲ့မဟာမိတ်နိုင်ငံလည်းဖြစ်နေပါတယ်။

လဲချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၂ ရက်မှာစတင်ကျင်းပမှာဖြစ်ပြီး ကမ္ဘောဒီးယား၊လာအို၊ထိုင်း ၊ဗီယက်နမ်နဲ့ မြန်မာတို့ တက်ရောက်ကြမှာပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ ဇွန် ၂၈ ရက်ကတွေ့ဆုံစဉ် ဆိုးရွားနေသည့်မြန်မာနိုင်ငံအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်း ထည့်သွင်းဆွေးဆွေးခဲ့သည်။

သတင်း

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews သည် မြန်မာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

သတင်း

အာဆီယံအမွေအနှစ်နှင့်သမိုင်း(ASEAN Heritage & History)ဖေ့စ်ဘွတ်စာမျက်နှာကလည်း ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ယမန်နေ့ညနှင့် ယနေ့ နံ နက်တွင် နှစ်ကြိမ်ဆုမွန်ကောင်းတောင်းပေးထားသည်။

ဗီဒီယို

ဖူကျန်းဟာ အပြည့်အဝ ဝန်တင် ခုတ်မောင်းရင် တန်ချိန် ၈ သောင်းကျော်လောက် အလေးချိန်ရှိပြီး မီတာ ၃၀၀ ကျော် ရှည်လျားပါတယ်။ သင်္ဘောကြီးကို ပင်လယ်ပြင်မှာ လက်တွေ့ လေ့ကျင့် ခုတ်မောင်းမှုတွေ စတင်ဖို့ စီစဉ်နေပါတယ်။