Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့နယ်တွင် စစ်​ကောင်စီတပ်က ပျူများကို​ရှေ့တန်းလိုက်ရန်တစ်ဦး ကျပ်နှစ်သိန်း​ပေး​ခေါ်​သော်လည်း သေသူများလာ၍ မလိုက်ရဲ​တော့

ဆည်တော်ဦးကျောင်းတိုက်သည် မဘသဘုန်းကြီးတစ်ပါးကျောင်ထိုင်ပြီး စစ်ကောင်စီနှင့်ပျုစောထီးများ လက်ခံထားရာ ကျောင်းဖြစ်သည်။

စစ်​ကောင်စီတပ်က ပျူ​​​စောထီးများကို စစ်သင်တန်း​ပေး​နေစဥ် ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က ပျူ​​​စောထီးများကို စစ်သင်တန်း​ပေး​နေစဥ် ဓါတ်ပုံ-CJ

■ “အရင်တုန်းက လူလည်လုပ်ပြီး လူစုတာ။ PDF တွေလာသတ်လိမ့်မယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရအောင် ပျုစောထီးအနေနဲ့ ပြည်သူ့စစ်ဖွဲ့ရမယ်၊ ရွာမှာပဲနေပေါ့။ နောက်တော့ ကင်းလှည့်ဖို့ဆိုပြီး ခေါ်ရင်းခေါ်ရင်းနဲ့ ရှေ့တန်းကို ရောက်ရောက်သွားတာ။ ရှေ့တန်းမှာ မပစ်ရဲတော့ ပါးတွေ နားတွေရိုက်ပြီး ပစ်ခိုင်းတယ်။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး တိုက်ခိုင်းတယ်။ သေတဲ့သူကသေတယ်။တိုက်ပွဲမှာသေတာများတော့အခုမလိုက်ရဲကြတော့ဘူး” ဒေသခံတစ်ဦး

ကလေးဒေသတိုက်ပွဲများတွင်ရှေ့တန်းသို့လိုက်ရန်တစ်ဦးလျှင်ကျပ်နှစ်သိန်းပေး၍ပျူစောထီးများအားစစ်ကောင်စီတပ်ကစည်းရုံးနေ​​သော်လည်းလိုက်မည့်သူမရှိဖြစ်​နေကြောင်းဒေသခံများကပြောသည်။

“တိုက်ပွဲလိုက်ရင်နှစ်သိန်းပေးမယ်ပြောတာမလိုက်ရဲကြတော့ဘူး။ ရှေ့တန်းမှသေတာတွေများနေလို့။ဒါဟာလက်ရှိဖြစ်နေတဲ့ ပကတိအမှန်တရားပဲ”ဟုကလေးမြို့ကျောက်ပြုတ်ရွာမှ ပျူစောထီးတစ်ဦးကလည်း ပြောသည်။

က​လေးမြို့နယ်​တောင်ပိုင်းတွင် ဧပြီ ၂၂ ရက်ကတိုက်ပွဲ၌ ပျူ​​​စောထီးများ​သေဆုံး​နေစဥ်။ ။ဓါတ်ပုံ-PDF(Kalay)
က​လေးမြို့နယ်​တောင်ပိုင်းတွင် ဧပြီ ၂၂ ရက်ကတိုက်ပွဲ၌ ပျူ​​​စောထီးများ​သေဆုံး​နေစဥ်။ ။ဓါတ်ပုံ-PDF(Kalay)

ကျောက်ပြုတ်ရွာသည် ပျူစောထီးရွာအဖြစ်နာမည်ကြီးပြီး စစ်ကောင်စီခြေကုတ်ယူထားသည့် ရွာလည်း ဖြစ်သည်။ မတ်လမတိုင်ခင် ကာလများအထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင်း ပျူ​စောထီးများသည် ရှေ့တန်းသို့ လိုက်ပါရန် ငြင်းဆန်လာကြပြီး၊ယခုအခါ စစ်ကောင်စီတပ်ကိုပျူ​စောထီးများက စိတ်ကုန်စပြုလာသည့်ဒေသခံများကပြောသည်။

“အရင်တုန်းက​တော့ လူလည်လုပ်ပြီး လူစုတာ။ PDF တွေလာသတ်လိမ့်မယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရအောင် ပျုစောထီးအနေနဲ့ ပြည်သူ့စစ်ဖွဲ့ရမယ်၊ ရွာမှာပဲနေပေါ့။ နောက်တော့ ကင်းလှည့်ဖို့ဆိုပြီးခေါ်ရင်းခေါ်ရင်းနဲ့ ရှေ့တန်းကို ရောက်ရောက်သွားတာ။ ရှေ့တန်းမှာ မပစ်ရဲတော့ ပါးတွေ နားတွေရိုက်ပြီး ပစ်ခိုင်းတယ်။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး တိုက်ခိုင်းတယ်။ သေတဲ့သူကသေတယ်။တိုက်ပွဲမှာသေတာများတော့အခုမလိုက်ရဲကြတော့ဘူး” “အရင်တုန်းက ဟုဒေသခံတစ်ဦးက People’s Spring သို့ဆက်သွယ်ပြောသည်။

ရှေ့တန်းသို့လိုက်ခဲ့ပြီး ဒဏ်ရာရသွားသည့် ပျူစောထီးများကို စစ်ကောင်စီတပ်ကဆေးကုမပေးသည့် ဖြစ်ရပ်များလည်း ရှိနေသည်ဟု ပျူစောထီးများဝင်ထွက်နေသည့် ကလေးမြို့၊ ဆည်တော်ဦးကျောင်းတိုက်မှ ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။

“သေနတ်မှန်ရင်တောင် ဆေးကုမပေးတော့ဘူး။ကိုယ်တွေကိုလည်းမယုံတော့ဘဲ အာဏာသုံးကိုင်တွယ်လာတယ်”ဟု ပျုစောထီးတစ်ဦးကပြောသည်။

ဆည်တော်ဦးကျောင်းတိုက်သည် မဘသဘုန်းကြီးတစ်ပါးကျောင်ထိုင်ပြီး စစ်ကောင်စီနှင့်ပျုစောထီးများ လက်ခံထားရာ ကျောင်းဖြစ်သည်။

အင်အားနည်းနေသည့်စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားတိုက်ခိုက်ရန်မဘသဘုန်းကြီးများအားအသုံးချပြီးပျူစောထီးအဖွဲ့များဖွဲ့စည်းခြင်း၊စစ်မှုထမ်းဟောင်းများဦးဆောင်သော ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ကျေးရွာများအား စစ်ကြောင်းထိုးရာတွင် ပျုစောထီးနှင့် ပြည်သူ့စစ်များကို ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်စေ​ခြင်းဖြင့် မက်လုံးပေးထားခဲ့သည်။ သို့သော် ကလေးဒေသတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းသလို စစ်ကောင်စီအထိနာလာချိန်တွင် ပြည်သူ့စစ်နှင့် ပျုစောထီးများလည်း ကြောက်လန့်လာပြီး စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ရန် ငြင်းဆန်လာကြခြင်းဟု ဒေသတွင်းသတင်းရင်းမြစ်များက သုံးသပ်ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် တရုတ်ကုမ္ပဏီနယ်မြေများနှင့် စီမံကိန်းနေရာများတွင် အကြမ်းဖက်စစ်အုပ်စုက ၎င်း၏ တပ်သားများချထားခြင်းဖြင့် နိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများကို လက်နက်အဖြစ် အသုံးချရန်စတင်နေပြီကို အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ဖော်ပြသည်။

သတင်း

လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေ​ကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

သတင်း

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။