Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲဘက်မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းများဖြင့်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်

“လောလောဆယ်တော့ စစ်ရေးအရ သတိရှိဖို့နဲ့ အသက်ကြီးရွယ်အိုများ ကလေးသူငယ်များ အမျိုးသမီးများအနေနဲ့ အချိန်မီ ရှောင်ရှားကြဖို့ ပြောလိုပါတယ်ခင်ဗျာ”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ကျားသစ်နက်ပြောက်ကျားတပ်
ကျားသစ်နက်ပြောက်ကျားတပ်

ပုလဲမြို့ မှထွက်ခွာလာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ကံကြီးကျေးရွာအနီးတွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်က ယနေ့ (ဇူလိုင် ၂) ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁)နံနက် ၉ နာရီအချိန်ခန့်က ပုလဲမြို့နယ် ကံကြီးကျေးရွာအနီးတွင် ကျား သစ်နက်ပြောက်ကျားတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းကာ ပဒေသာ ၂ တွဲအား Remove မိုင်းဖြင့် မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ကျဆုံးမှုကိုတိတိကျကျ မသိရသေးပေမယ့် ထိခိုက်မှုအများအပြား ရှိမှာတော့သေချာပါ သည်”ဟု ကျားသစ်နက်ပြောက်ကျားတပ်က ဆိုသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အားအများအပြားဖြင့် စစ်ကြောင်းဖြန့်ကာ ပုလဲမြို့နယ်တောင်ပိုင်းကျေးရွာများအနှံ့ ဒုက္ခပေးနိုင်ပါသောကြောင့် စစ်ရေးသတိနှင့် ရှောင်တိမ်းကြပါရန်အရေးကြီးလိုအပ်ကြောင်း အသိပေးသည်။

“လောလောဆယ်တော့ စစ်ရေးအရ သတိရှိဖို့နဲ့ အသက်ကြီးရွယ်အိုများ ကလေးသူငယ်များ အမျိုးသမီးများအနေနဲ့ အချိန်မီ ရှောင်ရှားကြဖို့ ပြောလိုပါတယ်ခင်ဗျာ”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ထို့ကြောင့် ကျေးရွာအနှံ့ ဖြန့်လာသော စစ်ကောင်စီတပ်စစ်ကြောင်းများက ကျေးရွာနေ ပြည်သူများကို ဒုက္ခမပေးနိုင်အောင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ အကာကွယ်ပေးနေပါသဖြင့် နီးစပ်ရာမဟာမိတ်တပ်ဖွဲ့များအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃)နှင့် KNU/KNLA ပူးပေါင်းတပ်များထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

အဆိုပါယာဥ်မှာ ပျက်စီးသွားပြီး ယာဥ်ပေါ်ပါ ရန်သူ ငါးဦးစလုံး သေဆုံးကာ (၄၀) မမ - ၁ လက်၊ AK - ၂ လက်၊ M4 carbine - ၁ လက်၊ G3 - ၁ လက်၊...

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်း တပ်စိပ်အား မိုက်ဆွဲတိုက်ခိုက်ခဲ့သော တော် လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိဘဲ လုံ ခြုံသည့်နေရာသို့ရောက်ရှိပြီဖြစ်ကြောင်း TSO ထံမှ သိရသည်။

သတင်း

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ရာ ကျညီနောင်မဟာမိတ်တပ်ပေါင်းစုသည် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရအကျဆုံးစာရင်း မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။