Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်အောင်စစ်ဆင်ရေး”ကို တောင်ပိုင်းတိုင်းရှိ မြို့ပြများတွင် တိုးချဲ့ဆောင်ရွက်မည်ဖြစ်၍ ၁၀ရက်တာ ရန်ပုံငွေစီမံချက်ပြုလုပ်

ထိုရက်များအတွင်း စစ်ကောင်စီပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောထားသည်။

နန်းထိုက်အောင်စစ်ဆင်ရေး
နန်းထိုက်အောင်စစ်ဆင်ရေး

“နန်းထိုက်အောင်စစ်ဆင်ရေး”ကို တောင်ပိုင်းတိုင်းရှိ မြို့ပြများတွင် တိုးချဲ့ဆောင်ရွက်သွားမည်ကြောင်း အဆိုပါစစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောသည်။

ထို့ကြောင့် PROJECT NAN HTIKE AUNG အမည်ဖြင့် ရန်ပုံငွေရှာဖွေမည့်စီမံချက်ကို ဇူလိုင် ၁ ရက်ကစ၍ ၁၀ ရက်အထိ ပြည်သူများ၏ အထောက်အပံ့များရယူမည်ဟု ဆိုသည်။

” မြို့ပြစစ်ဆင်ရေးတွေကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်။ ရန်ကုန်တစ်ခုတည်းမဟုတ်ဘူး။ တောင်းပိုင်းမှာရှိတဲ့ ပဲခူး၊ဧရာဝတီ၊တနသ်ာရီ၊မွန်၊ကရင်စတဲ့ အဲဒီနေရာတွေမှာရှိတဲ့ မြို့ပြတွေကို စစ်ဆင်ရေးလုပ်မယ်”ဟု အထက်ပါ တာဝန်ခံက ရှင်းပြသည်။

PROJECT NAN HTIKE AUNG စီမံချက်ကို မပန်ဆယ်လိုမှ ရန်ပုံငွေရှာဖွေရေး ဦးဆောင်မည်ဖြစ်ပြီး မကြာမီကာလအတွင်း မြို့ပြများတွင် ပြုလုပ်မည့် စစ်ဆင်ရေးတွေအားလုံးကို အထောက်အပံ့ဖြစ်စေမည်ဟု ၎င်းက အသိပေးသည်။

ရန်ပုံငွေစီမံချက်အတွက် အမေရိကန်၊ထိုင်း၊စင်ကာပူ၊ဂျပန်၊ကိုရီးယား၊သြစေတြလျ၊ဘရူနိုင်း၊ ဖင်လန်၊မလေးရှား၊ထိုင်ဝမ်၊ယူအေအီး နှင့် UK စသည့် နိုင်ငံများတွင်နေထိုင်သူများအတွက် သက်ဆိုင်ရာ ဘဏ်အကောင့်များ (http://www.nanhtikeaung.org/) ထည့်သွင်းပေးထားသည်။

အလားတူ မြန်မာနိုင်ငံအတွင်းနေထိုင်သူများနှင့် အခြားနိုင်ငံများမှ ထောက်ပံ့လိုသူများသည် မပန်ဆယ်လို လူမှုကွန်ယက်မှတဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးသည် ဇွန်လ ၆ ရက်တွင်ရက်ပေါင်း ၆၀ ပြည့်ခဲ့ပြီဖြစ်သည်။

ထိုရက်များအတွင်း စစ်ကောင်စီပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောထားသည်။

ရန်ကုန်၊ ပဲခူးနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃၃မြို့နယ်တွင် နန်းထိုက်အောင်မြို့ပြစစ် ဆင်ရေးအဖြစ် စစ်ရေးပစ်မှတ် ၆၃ခု၊ အုပ်ချုပ်ရေးပစ်မှတ် ၂၁ခု၊ စီးပွားရေးပစ်မှတ် ၇ခုအား ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒရုန်းအဖျက်ခံရသည်ကို သိလိုက်သည်နှင့် တပြိုင်နက် အီနာဂါဖြုတ်ချလိုက်သဖြင့် စစ်သားများ အထိအခိုက်ရှိမရှိကို မှတ်တမ်းယူနိုင်ခြင်းမရှိကြောင်း CDSOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

သတင်း

ပစ်ခတ်ရှင်းလင်းမှုများတွင် မေ ​၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခြောက်ဦး၊ ဆီမီးလောရန်သူ့စခန်းဝင်စီးမှုတွင် သုံးဦးဖြင့် တစ်ရက်တည်း ကိုးဦးသုတ်သင်နိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

နန်းထိုက်အောင်မြို့ပြစစ်ဆင်‌ရေး ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ဦးထက်မနည်း သေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း အဆိုပါစစ်ဆင်ရေးတာဝန်ခံက People's Springသို့ ပြော သည်။