Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီရှိမီး​ဘေးသင့်ရွာကိုရပ်​ဝေး​ရောက်အလှူရှင်များကကျပ်သိန်း ၃၀၀ တန်ဖိုး ​ငွေနှင့်ပစ္စည်းများလှူဒါန်း

အလှူငွေပေးအပ်နိုင်ရေးအတွက်စွမ်းစွမ်းတမံပါဝင်ကူညီပေးခဲ့ကြသော အလှူခံပေးကြသည့် လူငယ်များနှင့် အလှူရှင်တစ်ယောက်ချင်းစီတိုင်းအား မီးဘေးသင့်ပြည်သူလူထုကိုယ်စားများစွာကျေးဇူးတင်ဂုဏ်ယူရကြောင်းချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက အသိပေးသည်။

(အလှူငွေနှင့်ပစ္စည်းများအား ခွဲဝေလှုဒါန်းပေးနေစဥ်။ ဓါတ်ပုံ-ချင်းတွင်းနွေဦး တော်လှန်ရေးအင်အားစု)
(အလှူငွေနှင့်ပစ္စည်းများအား ခွဲဝေလှုဒါန်းပေးနေစဥ်။ ဓါတ်ပုံ-ချင်းတွင်းနွေဦး တော်လှန်ရေးအင်အားစု)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ကျေးရွာတစ်ရွာအား ရပ်ဝေးရောက်နေသည့် ၎င်းကျေးရွာသူကျေးရွာသားများနှင့် ပြင်ပအလှူရှင်များက ကျပ်သိန်း၃၀၀ တန်ဖိုး ​ငွေနှင့်အ​ရေး​ပေါ်ပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြသည်။

ကနီမြို့နယ် ၊ရွာကြီးတစ်ရွာရှိမီးဘေးသင့်အိမ်ခြေ (၂၁၁ )အိမ်အတွက်မီးဘေးသင့်ရွာဇာတိ ဩစတျေးလျနိုင်ငံရောက်ရွာသူရွာသားများက တစ်အိမ်လျှင်ကျပ်ငွေ (၃၅၀၀၀)စီဖြင့် စုစုပေါင်း လှူဒါန်းငွေ သိန်း (၁၀၀)ကျပ်ကိုလည်းကောင်း၊ မီးဘေးသင့်ရွာ၏ အဝေးရောက် ရွာသူရွာသားများမှစုပေါင်း
အလှူခံရရှိငွေ ကျပ်သိန်း (၂၀၀)မှ တစ်အိမ်လျှင် (၅၀၀၀၀) ကျပ်စီ အသီးသီးပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက ဖော်ပြသည်။

အလှူငွေပေးအပ်နိုင်ရေးအတွက်စွမ်းစွမ်းတမံပါဝင်ကူညီပေးခဲ့ကြသော အလှူခံပေးကြသည့် လူငယ်များနှင့် အလှူရှင်တစ်ယောက်ချင်းစီတိုင်းအား မီးဘေးသင့်ပြည်သူလူထုကိုယ်စားများစွာကျေးဇူးတင်ဂုဏ်ယူရကြောင်းချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက အသိပေးသည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ခုနှစ် မေလကုန်အထိ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများမှ လူနေအိမ်ပေါင်း ၁၃၈၄၀ ခန့်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ ထိုးစစ်ဆင်းရင်း ၂၀၂၁ ဇွန်လ ၂၃ ရက်တွင် ကနီမြို့နယ် မှ ဆယ်တန်းကျောင်းသား ဇော်မင်းထွန်း(ခ) ကရင်ကြီး၊ ဦးသက်ရှည်၊ ကိုထွန်းရွှေ၊ ကိုဇေယျာထွန်း ၊ ကိုဆန်းမင်းနိုင် တို့ကို ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်ကွေ့အနီး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

NUG PAY ၏ လက်ရှိ ငွေကြေးလဲလှယ်မှု သက်မှတ်ချက်အရ DMMK (ဒီဂျစ်တယ်မြန်မာကျပ်ငွေကြေး) တစ်ယူနစ်ကို မြန်မာငွေ တစ်ကျပ်သတ်မှတ်ထားပြီး တစ်ဒေါ်လာငွေလဲနှုန်းကို ၂,၀၄၀ ကျပ်အဖြစ် သတ်မှတ်ထားသည်။

သတင်း

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီBEGSC-MYAINGက "အညာသူအညာသားတွေရဲ့ရဲရဲတောက်တော်လှန်ရေးစိတ်ဓာတ်"ဟု ရေးသားကာ လှူဒါန်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူများက ငွေကြေးတင်မကဘဲ ရွှေထည်လက်ဝတ်လက်စားများကိုပါ လှူဒါန်းနေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။ မြိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အား လက်နက်ခဲယမ်းများဝယ်ယူရန် ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများလှူဒါန်းခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ “​ရွှေထည်ပစ္စည်းဆိုတာ ရှိရင် တန်ဆာ မရှိရင်...