Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်များလာမည့်လမ်းတွင် ထောင်ထားသောမိုင်းမှ ဝါယာကြိုးဆွဲမိ၍ ပြည်သူနှစ်ဦး မိုင်းထိမှန်သေဆုံးမှုအပေါ် အင်းတော်တော်လှန်ရေးအင်အားစု တောင်းပန်

မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သောပြည်သူနှစ်ဦးမှာ အင်းတော်နယ်၊ နန့်ကင်ရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နောက်နောင်ပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်အောင် ယခုထက်ပို၍ ဂရုစိုက်လုပ်ဆောင်သွားမည်ဟု IR Team က အသိပေးသည်။

(စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များလာမည့်လမ်း၌ ထောင်ထားသောမိုင်းမှ ဝါယာကြိုးသွားဆွဲမိပြီး ပြည်သူနှစ်ဦး မိုင်းထိမှန်သေဆုံးသွားသည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်း အင်းတော်တော်လှန်ရေးအင်အားစု(IR)က ယနေ့(ဇူလိုင် ၃)ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂)နေ့လယ် ၂ နာရီခန့်က စစ်ကောင်စီတပ်များသွားလာနေသည့်လမ်းတွင်
ပြည်သူ့ကာကွယ်ရေးတပ်များ ဆင်ထားသည့်မိုင်းမှ ဝါယာကြိုးစအား နွားဆွဲလာသောပြည်သူတစ်ဦးက မြင်တွေ့ပြီးသွားဆွဲမိရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့ကြောင့် ဝါယာကြိုးအားဆွဲလိုက်သည့် ပြည်သူတစ်ဦးနှင့် ၎င်းနှင့်မလှမ်းမကမ်းတဲပေါ်တွင်ရှိနေသော ပြည်သူတစ်ဦးအပါအဝင် နှစ်ဦးမိုင်းထိမှန်သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

“ကျွန်တော်တို့က ခွေးလမ်းကြောင်းမှာ ထောင်ထားတာပေါ့နော်။ သူတို့တွေသွားလာနေတဲ့ လမ်းမှာ မိုင်းထောင်ထားတာပေါ့။ အဲဒါကိုပြည်သူနှစ်ယောက်က ပေါ်နေတဲ့ဝါယာကြိုးကို သွားဆွဲမိတော့ ပေါက်ကွဲမှုဖြစ်သွားတာ။ ဒါက မတော်တဆဖြစ်တာဖြစ်တဲ့အတွက် ကျန်ရစ်သူမိသားစုတွေကို ကျွန်တော်တို့ တောင်းပန်ထားပါတယ်”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

ထိုသို့ မိုင်းမတော်တဆမှုကြောင့် အသက်ဆုံးပါးခဲ့ရသော ပြည်သူနှစ်ဦး၏ ကျန်ရစ်သူမိသားစုထံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့မှ ကိုယ်တိုင်သွားရောက်တောင်းပန်သည့်အပြင် တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့်လည်း တောင်းပန်စာထုတ်ပြန်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သောပြည်သူနှစ်ဦးမှာ အင်းတော်နယ်၊ နန့်ကင်ရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နောက်နောင်ပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်အောင် ယခုထက်ပို၍ ဂရုစိုက်လုပ်ဆောင်သွားမည်ဟု IR Team က အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်ကင်ရွာနှင့် အခြားအနီးနားရှိရွာများသို့ အမြဲစစ်ကြောင်းထိုးသွားလာနေပြီး လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ပြည်သူများအနေနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များတွေ့ခဲ့လျှင် တော်လှန်ရေးအင်အားစုများထံ အကြောင်းကြားပေးရန် ဖော်ပြသည်။

ထို့အပြင် ဝါယာကြိုးအပိုင်းအစများနှင့် Mine ဟုယူဆရသောအရာများ တွေ့ခဲ့လျှင်လည်း မကိုင်တွယ်ကြရန်နှင့် ပြည်သူများသတိထားကြရန် IR Team က မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တာမွေမြို့ခံတစ်ဦးမှလည်း ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရောက်ရှိစဥ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုအပြီးတွင်ရုံးအနီးလမ်းပိုင်းအား စစ်ကောင်စီတပ်မှ ပိတ်ဆို့စစ်ဆေးနေသည်ကိုတွေ့ရကြောင်း ပြောသည်။

သတင်း

ပြည်သူလူထုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်သည့် ကာလဖြစ်၍ ပြည်သူ့တော်လှန်ရေး အရှိန်နည်းပါးစေရန် လုပ်ဆောင်ချက် မှန်သမျှ ကန့်ကွက်ကြောင်း ထန်တလန် CDFက အသိပေးသည်။

သတင်း

CDF KKG ၏ တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် ထိုနေ့နံနက် ၇ နာရီမိနစ် ၂၀ မှစ၍ နာရီဝက်ကြာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

သတင်း

တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။