Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံ(ပကဖ)စခန်းစီးနင်းခံရပြီး လက်နက်နှင့် ရိက္ခာများဆုံးရှုံး၊ ဒဏ်ရာရ ရဲဘော်တစ်ဦးအဖမ်းခံရ

ယခုဆိုလျှင် လက်နက်မကိုင်ဆောင်သည့်တိုင် ပါးစပ် (နှုတ်)ဖြင့်ဆိုးဝါးလွန်းသည့် သတင်းပေးဒလန်များ၏ လုပ်ရပ်ကို ပြည်သူများ မျက်မြင်ကိုယ့်တွေ့သိရှိပြီးဖြစ်သောကြောင့် လောင်းလုံ(ပကဖ)အနေဖြင့် ပြည်သူ့လောက်ကောင် သတင်းပေးဒလန်များကို သေချာစိစစ်သွားမည်ဟု အသိပေးသည်။

လောင်းလုံ(ပကဖ)
လောင်းလုံ(ပကဖ)

ဒလန်သတင်းပေးမှုကြောင့် စခန်းစီးနင်းခံရပြီး လက်နက်နှင့် ရိက္ခာပစ္စည်းများဆုံးရှုံးကာ ဒဏ်ရာရထားသော ရဲဘော်တစ်ဦးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၄)အသိပေးထုတ်ပြန်သည်။

ဇွန်လ ၃၀ရက်က စစ်ကောင်စီလက်ကိုင်တုတ် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စခန်းတည်နေရာအားထိုးစစ်ဆင်လာရာ လက်နက်အင်အား၊ လူအင်အားမမျှသဖြင့် စခန်းမှ ဆုတ်ခွာပေးခဲ့ရကြောင်း ဖော်ပြသည်။

ထို့ကြောင့် လက်လုပ်သေနတ်များ၊ ကျည်များ၊ အဝေးပစ်လက်နက်ကြီးများ၊ ထုတ်လုပ်ရေးလုပ်ငန်းသုံးလျှပ်စစ်ပစ္စည်းများ၊ ဒရုန်းတစ်စင်းနှင့် လက်တော့ပ်တစ်လုံး၊ လက်လုပ်မိုင်းများ အပါအဝင် စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့သည့်အပြင် ဒဏ်ရာရသွားသည့် ရဲဘော်တစ်ဦးလည်း အဖမ်းခံခဲ့ရကြောင်း ဖော်ပြသည်။

“ဖမ်းဆီးခံနေရသော ကျွန်ုပ်တို့ညီနောင်ရဲဘော်နှင့်တကွ၊ ဆုံးရှုံးသွားသော ပြည်သူများ၏ ချွေးနဲစာနှင့် ကျုပ်တို့ရဲဘော်တို့အသက်ရင်းကာ ခက်ခဲစွာစုဆောင်းခဲ့ရသော လက်နက်ရိက္ခာများအတွက် ကျွန်ုပ်တို့ ပိုမိုကြိုးစားပြီး ရှေ့ဆက်တိုက်ပွဲဝင်ဖို့ အဓိဋ္ဌာန်ပြု ကတိပြုပါကြောင်း ပြောပေးပါခင်ဗျာ”ဟု လောင်းလုံ (ပကဖ)မှ ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ယခုဆိုလျှင် လက်နက်မကိုင်ဆောင်သည့်တိုင် ပါးစပ် (နှုတ်)ဖြင့်ဆိုးဝါးလွန်းသည့် သတင်းပေးဒလန်များ၏ လုပ်ရပ်ကို ပြည်သူများ မျက်မြင်ကိုယ့်တွေ့သိရှိပြီးဖြစ်သောကြောင့် လောင်းလုံ(ပကဖ)အနေဖြင့် ပြည်သူ့လောက်ကောင် သတင်းပေးဒလန်များကို သေချာစိစစ်သွားမည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အားအလုံး အရင်းဖြင့် လောင်းလုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည်မှာ ဇွန်လ ၁၄ ရက်ကတည်းကဖြစ်ပြီး ၎င်းတို့မှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများကျူးလွန်ခဲ့သည်ကို လက်နက်အင်အား လူအင်အားမယှဥ်နိုင်သောကြောင့် ထိရောက်သည့်ကာကွယ်မှုမပေးနိုင်ခဲ့ကြောင်း လောင်းလုံး(ပကဖ)က ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နွေဦးကဗျာ Appထဲတွင် တော်လှန်ရေးရဲဘော်များကိုယ်တိုင် ရေးသားထားသည့် ရင်တွင်းကဗျာများလည်း ပါဝင်ကြောင်း ရဲဘော်များက ပြောသည်။

သတင်း

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

သတင်း

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

သတင်း

ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့်ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ ၁၈ ဦး ကို ၎င်းတို့ ယူဆောင်လာခဲ့သော လက်နက်၊ခဲယမ်း၊ချပ်ဝတ်တန်ဆာ အမျိုးအစားများပေါ်မူတည်ပြီး NUG က အထက်ပါချီးမြှင့်ငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။