Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော်များ၏ စျာပန ယနေ့ပြုလုပ်

“မနက်အစောကတည်းက ဖြစ်တာ။လောကထုနဲ့ ပဒေါင်ကုန်းရွာက ပြည်သူတွေ စစ်ဘေးရှောင်ရတယ်။ရဟတ်ယာဥ်ရော တိုက်လေယာဥ်ပါသုံး တယ်။လောလောဆယ် ညနေပိုင်း တော့ နည်းနည်း ငြိမ်နေသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ - PKPF

ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော်များ၏ စျာပနကို ယနေ့(ဇူလိုင် ၆ ရက်)တွင် ပြုလုပ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ထုတ်ပြန်သည်။

“တော်လှန်ရေးဆိုတာ ကလေးကစားစရာမဟုတ်သလို တိုက်ပွဲဆိုတာ ပန်းနဲ့ပစ်ပေါက်ကြတာ မဟုတ်ဘူး။ပို့ဆောင်ခြင်းလမ်းတစ်လျှောက်လုံး ငိုကြွေးနေတဲ့ ငါတို့ပြည်သူ၊ ၀မ်းနည်းနေတဲ့ငါတို့ပြည်သူ၊ ဆုတောင်းပေးနေတဲ့ ငါတို့ပြည်သူတွေ… အခေါင်းဖက်ပြီး၀မ်း‌နည်းနေတဲ့ ငါတို့ရဲဘော်တွေရဲ့ အဖြစ်ကို ဘယ်သူသိနိုင်မလဲ? ဒါဟာ ငါတို့ ကရင်နီပြည်သူအတွက်…. ပြန်မရနိုင်တဲ့ အစားထိုးမှု ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”ဟု PKPF က ပြောသည်။

ထို့အပြင် ယနေ့(ဇူလိုင် ၆ ရက်)တွင်လည်း လွိုင်ကော်-ဖယ်ခုံ မြို့နယ်တို့၌ တိုက်ပွဲများပြင်းထန် နေပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများ၍ လေကြောင်း ပစ်ကူများပေးခဲ့ရဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်တစ်ဦးက အသိပေးသည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ – PKPF

“မနက်အစောကတည်းက ဖြစ်တာ။လောကထုနဲ့ ပဒေါင်ကုန်းရွာက ပြည်သူတွေ စစ်ဘေးရှောင်ရတယ်။ရဟတ်ယာဥ်ရော တိုက်လေယာဥ်ပါသုံး တယ်။လောလောဆယ် ညနေပိုင်း တော့ နည်းနည်း ငြိမ်နေသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ကျော် သေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ် KNDF က ယနေ့ထုတ်ပြန်ထား သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၄ရက် နံနက် ၅နာရီခန့်က ဖယ်ခုံမြို့နယ် ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပသာ ကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF PDF (Phekhon)၊ SSRY အဖွဲ့တို့မှ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ – PKPF

ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ကာ၊ အကြမ်းဖက်စစ်ကာင်စီ၏ လွယ်ပတာ စခန်းကို သိမ်းပိုက်ရရှိလုနီးပါးဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြစ် အဆမတန် အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်များမှ နေ့လည်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၄၀ကျော် သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့သည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဆမတန် လက်နက်ကြီးပစ်ခတ်မှုနှင့် သာလွန်စစ်ကူအင်အားတို့ကြောင့် တပ်စခန်းများကို ဝင်ရောက်စီးနှင်းမှုအတွင်း ပူပေါင်းတပ်ဖက်မှ ရဲဘော် ၁၁ဦးကျဆုံးခဲ့ရ​ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

သတင်း

မတူပီ CDF အနေဖြင့် ဇွန်လ ၁၁ရက်ကလည်း မတူပီ -ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄)တပ်ရင်းဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း၊ ရဲရင့်စွာကျဆုံးသွားသော ရဲဘော်များကို အာဇာနည် သူရဲကောင်းများ အဖြစ် သမိုင်းမှတ်တမ်းတင်အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။

သတင်း

မတူပီ CDF အနေဖြင့် မတူပီ မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ယာဉ်တန်းများနှင့် စစ်ကောင်စီတပ်စခန်း၊ တပ်စွဲရာနေရာများကို တိုက်ခိုက်လျက်ရှိသည်။