Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံအထူးကိုယ်စားလှယ် ရန်ကုန်မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ဆုံ

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။

ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး
ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မနေ့က မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ဆုံကာ မြန်မာ့အရေးကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တွေ့ဆုံပွဲကို ပြင်သစ်သံအမတ်ကြီး၊ အမေရိကန် ၊ ဥရောပသမဂ္ဂက သံတမန်တွေ ၊ သြစတြးလျ သံရုံးအကြီးအကဲတက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး
ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး

အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် အမြင်သဘောထားနဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဆိုရင် စစ်ကောင်စီကို သံတမန်အဆင့်လျော့ချထားပြီး ဆက်ဆံနေတဲ့နိုင်ငံဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

သတင်း

NUG သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ၎င်း၏နောက်ဆက်တွဲ စာချုပ်အပါအဝင် နိုင်ငံတကာဥပဒေပါ တာဝန်၀တ္တရားများနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန် ကတိပြုကြောင်း ကြေညာသည်။

သတင်း

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

သတင်း

ရန်ကုန် UG အဖွဲ့နှစ်ဖွဲ့ သွားရောက်သုတ်သင်ရှင်းလင်းခဲ့သော ဒလန်မင်းသူမှာ သုတ်သင်ရှင်းလင်းပြီးနောက်မှသာ အရပ်ဝတ်ဖြင့် အသွင်ယူထားသည့် စစ်ကောင်စီလက်အောင်ခံ ရဲတစ်ဦးဖြစ်နေကြောင်းကို သိခဲ့ခြင်းဖြစ်သည်။