Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမခမှတစ်ဆင့် စစ်ကိုင်းအထက်ပိုင်းသို့ လက်နက်ခဲယမ်းများပို့ရန် စစ်​ကောင်စီ၏ လုံခြုံ​ရေး​ရေယာဥ်သုံးစီး မင်း​ဒေါင့်ဆိပ်ကမ်း​ရောက်​နေ

အဆိုပါ လုံခြုံရေးရေယာဥ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ခန့်ပါရှိသည်ကို မြေပြင်သတင်း အချက်အလက်အရ တွေ့ရှိကြောင်း ကနီအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(မင်းဒေါင့်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်ကောင် စီ၏ ရေယာဥ်များဖြစ်သည်။ ဓာတ်ပုံ - CJ)
(မင်းဒေါင့်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်ကောင် စီ၏ ရေယာဥ်များဖြစ်သည်။ ဓာတ်ပုံ - CJ)

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မုံရွာ)မှတစ်ဆင့် စစ်ကိုင်းအထက်ပိုင်းသို့ စစ်ကောင်စီက လက်နက်၊ခဲယမ်းများထောက်ပို့နိုင်ရန် လုံခြုံရေး ရေယာဥ်သုံးစီးရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစု များက ပြောသည်။

စစ်ကိုင်းအထက်ပိုင်းရှိ ခန္တီး နှင့် ဟုမ္မလင်းမြို့သို့ စစ်ကောင်စီက လက်နက်ခဲယမ်းရိက္ခာများ ပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သင်္ဘောတစ်စီးနှင့်ပြောက် ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်းကို ယမန်နေ့(ဇူလိုင် ၈ ရက်)က ရောက်ရှိလာခဲ့ခြင်းဟု ဆိုသည်။

“ချင်းတွင်း မြစ်ကြောင်းအတိုင်းသယ်ရမှာဆိုတော့ အရင်ကလည်း သူတို့ ဖလက်ခွန် ရေယာဥ်တွေကို ကြားဖြတ်တိုက်ခံရတာ ရှိတော့ အခုက သေချာပြင်ဆင်လာတယ်လို့ မြင်တယ်”ဟု ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ထို့အပြင် စစ်ကိုင်းအထက်ပိုင်းသို့ လက်နက်ခဲယမ်း ရိက္ခာကို ရေကြောင်းမှ ပို့ဆောင်ရန် ဇွန်လကတည်းက ပြင်ဆင်ထားသည်ကို တော်လှန်ရေး အင်အားစုများအနေဖြင့် ကြိုတင်သိရှိထားကြောင်း ၎င်းက အသိပေးသည်။

အဆိုပါ လုံခြုံရေးရေယာဥ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ခန့်ပါရှိသည်ကို မြေပြင်သတင်း အချက်အလက်အရ တွေ့ရှိကြောင်း ကနီအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် ယခုကာလ အတွင်းဂရုပြုနေထိုင်ရန်နှင့် လုံခြုံရေး အထူးသတိပြုကြရန်လည်း ၎င်းတို့က တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိကြောင်းလည်း NLD က ထပ်လောင်း ထုတ်ပြန်သည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

သတင်း

စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ် မေလအတွင်း မကွေးတိုင်းအတွင်း၌ နေအိမ်ပေါင်း ၃,၀၅၅ လုံး မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

သတင်း

ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်း၍ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး အပြင်းအထန်ဒဏ်ရာရနိုင်သည်ဟု MRAက ထပ်မံအသိပေးသည်။