Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကိုတော်လှန်ရန် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)၏ အထူးကွန်မန်ဒိုတပ်ခွဲဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့်လည်း လိုက်နာရမည့်စစ်ရေးကျင့်ဝတ်များကို ချွင်းချက်မရှိစောင့်ထိန်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ဦးထိပ်ထား၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း ကတိပြုသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)၏ အထူးကွန်မန်ဒိုတပ်ခွဲကို ယနေ့ (ဇူလိုင် ၁၂ ရက်) တွင် ဖွဲ့စည်း​ကြောင်း အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်သည်။

အထူးကွန်မန်ဒိုတပ်ခွဲအနေဖြင့် တပ်ပေါင်းစု၏ စစ်ရေးနှင့် နိုင်ငံရေးလမ်းညွှန်ချက်ကို ခံယူကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်သည်အထိ လက်နက်မချစတမ်းတိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့်လည်း လိုက်နာရမည့်စစ်ရေးကျင့်ဝတ်များကို ချွင်းချက်မရှိစောင့်ထိန်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ဦးထိပ်ထား၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း ကတိပြုသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လျက်ရှိသော တော်လှန်ရေးတပ်ဖွဲ့များစုစည်း၍ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union– KRU)ကို ဧပြီ ၆ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ KRU တွင် Karenni Generation – Z (KGZ)၊ Karenni Democratic Front (KDF)၊Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit နှင့် Southern Shan People Defense Force (SSPDF) တို့ပါဝင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မန္တလေး - ရွှေဘို - မြစ်ကြီးနား လမ်းမပိုင်းများပေါ်တွင် SBDF တပ်စိပ်များ၊ မဟာမိတ်အဖွဲ့များ၊ လှုပ်ရှားလျက်ရှိပြီး နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင် တိုက်ခိုက်လျက်ရှိကြောင်း SBDFက အသိပေးသည်။

သတင်း

ဇူလိုင် ၁၂ရက်လည်း ကန်ပက်လက်မြို့၊မြို့နယ်ပညာ ရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ကျဆုံးသွားသော ရပ်ရွာကာကွယ်ရေး PDF ရဲဘော်အား Yesagyo Revolution Group - YRG တော်လှန်ရေးအဖွဲ့သားများက အလေးနီပြုလိုက်ကြောင်း YRG က ထုတ်ပြန်ထားသည်။

သတင်း

ရန်ကုန် မြို့နယ်သုံးခုမှ ပေါက်ကွဲမှုများတွင် တာမွေဖြစ်စဥ်မှာ စစ်ကောင်စီတပ်က ဖောက်ခွဲခြင်းဖြစ်ပြီး ကျန်ဖြစ်စဥ်နှစ်ခုမှာလည်း စစ်တပ်ကခွဲသည်ဟုသံသယဖြစ်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများနှင့်မျက်မြင်တွေ့ရှိသူများကပြောသည်။