Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာများမှ ‌ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ

ရေဦးမြို့နယ်အတွင်းရှိ မူးသာကုန်းရွာ၊ မန်းကျီးစောက်ရွာ၊ အုံးတင်ရွာ၊ ပျံကျ(အေးသာယာ)ရွာ၊ ကြခတ်ရွာ၊ နဘဲလှ ပုဂံရွာ၊ ပေါက်တောရွာ၊ အုန်းတပင်ရွာနှင့် တနယ်ကျေးရွာတို့အား စစ်ကြောင်းထိုးနေ၍ ‌ဒေသခံရွာသူ၊ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

(ထွက်ပြေးလာရသည့် ကျေးရွာသူကျေးရွာသားများအား ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ချက်ပြုတ်ကျွေးမွေးနေစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးလာရသည့် ကျေးရွာသူကျေးရွာသားများအား ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ချက်ပြုတ်ကျွေးမွေးနေစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုးနေ၍ ကျေးရွာများမှ ‌ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရေဦးမြို့နယ်အတွင်းရှိ မူးသာကုန်းရွာ၊ မန်းကျီးစောက်ရွာ၊ အုံးတင်ရွာ၊ ပျံကျ(အေးသာယာ)ရွာ၊ ကြခတ်ရွာ၊ နဘဲလှ ပုဂံရွာ၊ ပေါက်တောရွာ၊ အုန်းတပင်ရွာနှင့် တနယ်ကျေးရွာတို့အား စစ်ကြောင်းထိုးနေ၍ ‌ဒေသခံရွာသူ၊ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ယခုအခါ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တနယ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ရေဦး – ဒီပဲယင်းနယ်စပ်ရှိ မူးသာကုန်းရွာမှ စစ်ကြောင်းတစ်ကြောင်းတို့မှာ နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်မည့်အနေအထားရှိနေကြောင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ဦးရေများတိုးပွားလာလျက်ရှိကာ ကူညီထောက်ပံ့နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အသိပေးသည်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ ၁,၅၀၀ခန့်ရှိသော Campတစ်ခုအတွက် အဖွဲ့က စုဆောင်းထားရှိခဲ့သော ဆန်၊ဆီ၊ဆား၊ငါးခြောက်၊ကြက်သွန်ရိက္ခာများ ၊ ဟင်းသီ းဟင်းရွက်များ တတ်စွမ်းသရွေ့ကူညီထောက်ပံ့လျက်ရှိသည်ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

လက်ရှိ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ ၅,၀၀၀ အထက်ရှိနေသည်။

ယနေ့ည ၇နာရီခန့်က ဒီပဲယင်းမြို့နယ်၊ တနယ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် တနယ်ရွာကို မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့်လည်း လိုက်နာရမည့်စစ်ရေးကျင့်ဝတ်များကို ချွင်းချက်မရှိစောင့်ထိန်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ဦးထိပ်ထား၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း ကတိပြုသည်။

သတင်း

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

“ပြည်သူစစ်တွေအကျအဆုံးရှိတယ်လို့ကြားတယ်။ လေယာဉ်ပျံလည်း လာတယ်ပြောတယ် အဲဒီ လေယာဉ်ပျံက မှန်းပြီး ပစ်ထည့်လိုက်တော့ အဲဒီစစ်ကောင်စီဘက်ကိုသွားကျပြီး အထိအခိုက်ရှိတယ်လို့ ကြားတယ်” ဟု ဝိုင်းမော်ဒေသခံက ပြောသည်။