Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက် ထွေအုပ်ရုံး၊ ပညာရေးရုံးနှင့် အထက်တန်း ကျောင်းတွင်တပ်စွဲထားသည် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ဟု CDF အသိပေး

ဇူလိုင် ၁၂ရက်လည်း ကန်ပက်လက်မြို့၊မြို့နယ်ပညာ ရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကန်ပက်လက် CDFရဲ​ဘော်များအား ​တွေ့ရစဥ်)
(ကန်ပက်လက် CDFရဲ​ဘော်များအား ​တွေ့ရစဥ်)

ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ သုံးနေရာကိုတိုက်ခိုက်ခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန် သည်။

ဇူလိုင် ၁၁ရက်တွင် ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၃နာရီကြာတိုက်ခိုက်ခဲ့ကြောင်း အသိပေးထား သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း CDF ရဲဘော်များ အထိ အခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဇူလိုင် ၁၂ရက်လည်း ကန်ပက်လက်မြို့၊မြို့နယ်ပညာ ရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲသည် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံး၍ CDFဘက်မှ မထိအခိုက်မရှိဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မန္တလေး - ရွှေဘို - မြစ်ကြီးနား လမ်းမပိုင်းများပေါ်တွင် SBDF တပ်စိပ်များ၊ မဟာမိတ်အဖွဲ့များ၊ လှုပ်ရှားလျက်ရှိပြီး နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင် တိုက်ခိုက်လျက်ရှိကြောင်း SBDFက အသိပေးသည်။

သတင်း

ကျဆုံးသွားသော ရပ်ရွာကာကွယ်ရေး PDF ရဲဘော်အား Yesagyo Revolution Group - YRG တော်လှန်ရေးအဖွဲ့သားများက အလေးနီပြုလိုက်ကြောင်း YRG က ထုတ်ပြန်ထားသည်။

သတင်း

ရန်ကုန် မြို့နယ်သုံးခုမှ ပေါက်ကွဲမှုများတွင် တာမွေဖြစ်စဥ်မှာ စစ်ကောင်စီတပ်က ဖောက်ခွဲခြင်းဖြစ်ပြီး ကျန်ဖြစ်စဥ်နှစ်ခုမှာလည်း စစ်တပ်ကခွဲသည်ဟုသံသယဖြစ်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများနှင့်မျက်မြင်တွေ့ရှိသူများကပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့်လည်း လိုက်နာရမည့်စစ်ရေးကျင့်ဝတ်များကို ချွင်းချက်မရှိစောင့်ထိန်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ဦးထိပ်ထား၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း ကတိပြုသည်။