Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​​​မြေပြင်ရှိ ကျောင်း၌ကျန်ရှိခဲ့​သည့် ​ကျောင်းသုံးစာအုပ်များကို ဒီးမော့ဆို PDF ယူဆောင်ပြီး ကျောင်း ၁၂ကျောင်းသို့ ပြန်လည်ဖြန့်ဝေ

ထို့နောက် အဆိုပါစာအုပ်များကို ​ကျောင်း ၁၂ကျောင်းသို့ ဖြန့်​ဝေ​ပေးခဲ့ပြီး ကျန်ရှိနေ​သော စာအုပ်အများအပြားကို ​ကျောင်းသားသမဂ္ဂထံအပ်နှံထားကာ လိုအပ်သည့်​ကျောင်းများသို့ ဆက်လက်ဖြန့်​ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - DMO-LPDF
ဓာတ်ပုံ - DMO-LPDF

ကယားပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ စစ်​မြေပြင်​ရှိ အထက်တန်းကျောင်း တစ်ကျောင်း၌ ​ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-LPDF)နှင့် ​ဒီး​မော့ဆို​ကျောင်းသားသမဂ္ဂတို့ ပူး​ပေါင်း၍ ယမန်နေ့က သွားရောက်ယူဆောင်နိုင်ခဲ့ကြောင်း DMO-LPDF က ယနေ့(ဇူလိုင် ၁၃)ထုတ်ပြန်သည်။

ထို့နောက် အဆိုပါစာအုပ်များကို ​ကျောင်း ၁၂ကျောင်းသို့ ဖြန့်​ဝေ​ပေးခဲ့ပြီး ကျန်ရှိနေ​သော စာအုပ်အများအပြားကို ​ကျောင်းသားသမဂ္ဂထံအပ်နှံထားကာ လိုအပ်သည့်​ကျောင်းများသို့ ဆက်လက်ဖြန့်​ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - DMO-LPDF
ဓာတ်ပုံ – DMO-LPDF

ကယားပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီဖွင့်လှစ်နိုင်ခဲ့သည့် မြို့​ပေါ်ကျောင်း ၁၀ ကျောင်းသာ ရှိခဲ့ပြီး ဒီး​​မော့ဆိုမြို့နယ်တွင် စစ်​​ကောင်စီမှ မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း DMO-LPDF က ဆိုသည်။

ဓာတ်ပုံ - DMO-LPDF
ဓာတ်ပုံ – DMO-LPDF

ဒီး​မော့ဆိုမြို့နယ်တွင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပညာ​ရေးဝန်ကြီးဌာန လမ်းညွှန်မှု​​အောက်ရှိ ​ကျောင်း​ပေါင်း ၃၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်းကျောင်း ၂၀ကျော်၊ စေတနာဝန်ထမ်း ဆရာ၊ မ​ ၂,၀၀၀ ကျော်နှင့် ​ကျောင်းသူ၊ကျောင်းသား​ ၄၀,၀၀၀ ကျော်ကို သင်ကြား​ပေးနေကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို၏ ဖော်ပြချက်အရ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကျဆုံးသွားသော ရပ်ရွာကာကွယ်ရေး PDF ရဲဘော်အား Yesagyo Revolution Group - YRG တော်လှန်ရေးအဖွဲ့သားများက အလေးနီပြုလိုက်ကြောင်း YRG က ထုတ်ပြန်ထားသည်။

သတင်း

ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ​ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

သတင်း

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။