Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကတော်တစ်ဦးအပါအဝင် သုံးဦးသေ

မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းမပိုင်းများပေါ်တွင် SBDF တပ်စိပ်များ၊ မဟာမိတ်အဖွဲ့များ၊ လှုပ်ရှားလျက်ရှိပြီး နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင် တိုက်ခိုက်လျက်ရှိကြောင်း SBDFက အသိပေးသည်။

ရွှေဘို - မြစ်ကြီးနားလမ်းပိုင်း
ရွှေဘို - မြစ်ကြီးနားလမ်းပိုင်း

စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကတော်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Shwe Bo Defense Force-SBDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၀ ရက် နံနက် ၁၀နာရီခွဲခန့်က မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း တစ်နေရာတွင် ရွှေဘိုမြို့သို့ထွက်ခွာလာသော (၁၂) ဘီးယာဥ်တစ်စီးနှင့် အိမ်စီးကားတစ်စီးပါသော စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း (၁၅)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါ အကြမ်းဖက်စစ်ဗိုလ်၏ ဇနီးဖြစ်သူနှင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း၊ အိမ်စီးကားပေါ်ပါ အကြမ်းဖက် စစ်သားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SBDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုစစ်ဆင်ရေးအား Shwebo Defense Force(SBDF)နှင့် မဟာမိတ်များဖြစ်ကြသော ရွေဘိုခရိုင်တပ်ရင်း(ရွေဘိုခရိုင်တပ်ရင်း၂၃)နှင့် ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Shwe Bo Defense Force-SBDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းမပိုင်းများပေါ်တွင် SBDF တပ်စိပ်များ၊ မဟာမိတ်အဖွဲ့များ၊ လှုပ်ရှားလျက်ရှိပြီး နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင် တိုက်ခိုက်လျက်ရှိကြောင်း SBDFက အသိပေးသည်။

ပြည်သူများ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် မိမိတို့နယ်မြေလွတ်မြောက်နယ်မြေဖြစ်လာရန် ကြိုးပမ်းရာတွင် ပြည်သူ့ရန်သူ သတင်းပေးဒလံများ၊ ပျူများနှင့် အုပ်ချုပ်ရေးမှူးများအားလုံးကိုလည်း ပြတ်ပြတ်သားသားဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း SBDFက ထပ်မံကြေညာ အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဇူလိုင် ၁၂ရက်လည်း ကန်ပက်လက်မြို့၊မြို့နယ်ပညာ ရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ကျဆုံးသွားသော ရပ်ရွာကာကွယ်ရေး PDF ရဲဘော်အား Yesagyo Revolution Group - YRG တော်လှန်ရေးအဖွဲ့သားများက အလေးနီပြုလိုက်ကြောင်း YRG က ထုတ်ပြန်ထားသည်။

သတင်း

ရန်ကုန် မြို့နယ်သုံးခုမှ ပေါက်ကွဲမှုများတွင် တာမွေဖြစ်စဥ်မှာ စစ်ကောင်စီတပ်က ဖောက်ခွဲခြင်းဖြစ်ပြီး ကျန်ဖြစ်စဥ်နှစ်ခုမှာလည်း စစ်တပ်ကခွဲသည်ဟုသံသယဖြစ်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများနှင့်မျက်မြင်တွေ့ရှိသူများကပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့်လည်း လိုက်နာရမည့်စစ်ရေးကျင့်ဝတ်များကို ချွင်းချက်မရှိစောင့်ထိန်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ဦးထိပ်ထား၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း ကတိပြုသည်။