Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထို အင်္ဂဘိုရွာတွင် စစ်ကောင်စီယာဉ်တန်းကို KNU/PDFပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်စာရင်း အား အတိအကျမသိရကြောင်း PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

(KNU/PDF ပူးပေါင်းစစ်ကြောင်းအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(KNU/PDF ပူးပေါင်းစစ်ကြောင်းအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးထွက်ပြေးရာ ကားတိုက်သေဟု သထုံခရိုင် PDFတပ်ရင်းသုံး ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် စစ်ကော်စီတပ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၅ရက်) နံနက် ၁၀နာရီခန့်တွင် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် (၂)လေးဒေါင့်ကန် အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – 3 နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ယာဉ်တန်းအား အမြဲလုံခြုံရေး ယူပေးနေသော ရှေ့ပြေးကင်းပုန်းမှ ဗိုလ်တစ်ဦးတိုက်ပွဲအတွင်း အလန့်တကြားထွက်ပြေးရာမှ ကားတိုက်သေဆုံး ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်စာရင်း အား အတိအကျမသိရကြောင်း PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – ၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ သည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။

သတင်း

ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ - တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

သတင်း

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

သတင်း

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။