Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတောင်ကြီးမြို့နယ် စုစည်းရွာအနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟုဆို

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(နေပြည်တော် PDF တပ်ရင်း (၈၀၂)တပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်)
(နေပြည်တော် PDF တပ်ရင်း (၈၀၂)တပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်)

▪️PDF ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေ

သံတောင်ကြီးမြို့နယ် စုစည်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေ ပြည်တော်)တပ်ရင်း (၈၀၂)၊ တပ်ခွဲ (၅)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ရင်း(၈၀၂)က ယနေ့ (ဇူလိုင် ၁၅) ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၄)ညနေ ၅ နာရီခန့်က သံတောင်ကြီးမြို့နယ် စုစည်းရွာအနီး ယင်းသက်ကြောတွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ဖော်ပြသည်။

“ပထမတော့ သူတို့စစ်ကြောင်း အယောက် ၆၀ကို သုံးကြောင်းခွဲတက်လာတယ်။ အဲလိုခွဲတက်လာတဲ့အချိန်မှာမှ ကျွန်တော်တို့ကို သူတို့ဘက်ကစတင် ပစ်ခတ်တော့မှ အ ပြန်အလှန်ပစ်တဲ့အချိန်မှာ သူတို့ဘက်က လေးယောက်ကျသွားတယ်။ ပြီးတော့မှ ကျွန်တော်တို့က ရှေ့ထွက်မိုင်းနဲ့တိုက်ခိုက်တဲ့အခါမှာ သူတို့ဘက်က ၁၁ ယောက် ထပ်ပြီးတော့ကျတယ်”ဟု နေပြည်တော် PDF တပ်ရင်း (၈၀၂)မှ တပ်ရင်းမှူး ဗိုလ်ဓူဝံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်၌ တပ်ရင်း (၈၀၂)မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးမှာ ပျောက်ဆုံးသွားခဲ့ရာ ယနေ့ညပိုင်းအထိ ပြန်ရှာမတွေ့သေးဘဲ အဆက်အသွယ်ပြတ်တောက်နေကြောင်း ၎င်းက တက်ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နေပြည်တော် PDF တပ်ရင်း (၈၀၂)တပ်ခွဲ (၅)မှ ရဲဘော်များ ​ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ပြန်ဆုတ်ပေးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များက တပ်ဖွဲ့၏ ရိက္ခာတဲများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။

သတင်း

ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ - တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

သတင်း

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

သတင်း

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။