Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီညွန်ကြားချက်များ​ကြောင့်​ဒေါ်လာ​ဈေးဆက်တက်၊ တစ်ဒေါ်လာ ၂၂၂၅ ကျပ်အထိ​ရောက်လာ

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။

စစ်​ကောင်စီညွန်ကြားချက်များ​ကြောင့်​ဒေါ်လာ​ဈေးဆက်တက်
စစ်​ကောင်စီညွန်ကြားချက်များ​ကြောင့်​ဒေါ်လာ​ဈေးဆက်တက်

စစ်ကောင်စီက ဒေါ်လာစီးဆင်းမှုကို ထပ်မံထိန်းချုပ်​​သောညွန်ကြားချက်များထုတ်ပြန်ပြီးနောက် ဒေါ်လာဈေးထပ်တက်​နေပြီးယ​နေ့ (ဇူလိုင် ၁၅ ရက်)တွင် တစ်ဒေါ်လာလျှင် ၂၂၂၅ ကျပ်အထိရှိလာကြောင်း ပြည်တွင်းငွေလဲလုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရသည်။

စစ်ကောင်စီက ဇူလိုင် ၁၄ ရက်တွင် ပြည်တွင်း ဒေါ်လာစီးဆင်းမှုနှင့်ပတ်သတ်ပြီး ကြေညာချက် ၃ စောင်ထုတ်ပြန်ခဲ့သည်။ထိုနောက် ဈေးကွက်အတွင်းဒေါ်လာဈေးမှာထပ်မံမြင့်တက်လာသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

“ဒီနေ့ မနက်က တစ်ဒေါ်လာကို ၂၂၁၅ ကျပ်ပေါက်တယ်။ နေ့လယ်မှာ ၂၂၂၅ကျပ် အထိမြင့်တက်သွားတယ်။ ဒါတောင် ဝယ်မယ်ဆိုရင် ကြိုတင်စာရင်းပေးထားရတယ်”ဟု ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

လက်ရှိတွင်ဒေါ်လာဈေးသည် ​ရောင်းသူစိတ်ကြိုက်ဈေးနှုန်းမြင့်တက်နေပြီးဒေါ်လာအရွက်ဈေးမှာလည်းအချိန်နှင့် အမျှ မြင့်တက်နေသည်ဟု ၎င်းကဆက်​ပြောသည်။

“ဒီနေ့ဆိုရင်တစ်ရက်တည်းနဲ့ တစ်ဒေါ်လာကို၃၀(ကျပ်)လောက်တက်သွားတယ်။ ဒါတောင် ဝယ်ချင်သလိုဝယ်လိုမရဘူး။ ငွေလဲကောင်တာတိုင်း ပစ္စည်း(ဒေါ်လာ)ပြတ်နေကြချည်းဘဲ”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ပြည်ပကြွေးမြီများကိုပြန်လည်ပေးဆပ်မှုဆိုင်းငံ့ထားရန်၊ စိုက်ပျိုးရေးသီးနှံများ ပြည်ပတင်ပို့ရာတွင် ဒေါ်လာများပြည်တွင်းသို့ ကြိုတင်လွှဲထားပြီးမှာ ပို့ကုန်လိုင်စင်ထုတ်ပေးရန် နှင့် ရင်းနှီးမြှပ်နှံမူကော်မရှင်ခွင့်ပြု

ချက်ဖြင့်ဆောင်ရွက်နေသည့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေမှ ကျပ်ငွေသို့ တစ်ရက်အတွင်းပြောင်းလဲသည့် ကင်းလွတ်ပေးထားခြင်းကိုပယ်ဖျက်ခြင်း စ​သော ညွန်ကြားချက် သုံးခုကို ဇူလိုင် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံခြားငွေများကို ၂၄ နာရီအတွင်း ကျပ်ငွေကို ပြောင်းလဲရမည်ဟု ဧပြီ ၃ရက်တွင် ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုကန့်သတ်တွင် FDI (နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ) ၁၀ ရာခိုင်နှုန်းပါဝင်သည့် စီးပွားရေးလုပ်ငန်းများကို ကင်းလွတ်ခွင့်ပြုကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့သည်။ သို့​သော်ယခုအခါထိုကြေ

ညာကို ပြန်လည် ရုတ်သိမ်းခဲ့ပြန်သည်။ ထိုသို့ ရုတ်သိမ်းခြင်းကြောင့် ပြည်တွင်းရှိ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဆက်လက်လည်ပတ်ရန် အခက်အခဲများရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

“ဒီလိုလုပ်ရင်ကားကုမ္ပဏီတွေပြန်လည်လည်ပတ်ဖို့အခက်အခဲဖြစ်သွားပြီး၊ ဘယ်လုပ်ငန်းများလည်း ဆက်လုပ်လို့မရတော့ဘူး”ဟု နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီတစ်ခုမှ မန်နေးဂျင်း ဒါရိုက်တာတစ်ဦးကပြောသည်။

ထိုပြင် စစ်ကောင်စီပြည်ပကြွေးမြီများကိုလည်း ပုဂ္ဂလိက လုပ်ငန်းများ ပြန်လည်ပေးဆပ်ခြင်းကိုဆိုင်းငံ့ရန်ထုတ်ပြန်မှုသည်လည်းပြည်တွင်းလုပ်ငန်းများလည်ပတ်ရန်အခက်အခဲဖြစ်လာ​စေသည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ချေးငွေထုတ်ပြန်ပေးသည့် ပြည်ပကုမ္ပဏီများ/ အဖွဲ့အစည်းများသည် မြန်မာကုမ္ပဏီများကို ယုံကြည်မှုလျော့နည်းသွားပြီး အတိုးနှုန်းနည်းပြီး ပမာဏများသည့် နိုင်ငံခြားချေးငွေများကို ပြည်တွင်းကုမ္ပဏီများ ရရှိရန် အလွန်ခက်ခဲသွားမည်ဖြစ်ကြောင်း၎င်းကဆက်​ပြောသည်။

“တစ်နိုင်ငံအလိုက် ကတိပျက်တာပေါ့။ နောက်ဆို မြန်မာကုမ္ပဏီတွေဆိုရင် ချေးငွေရဖို့ တော်တော်ခက်သွားမှာ။”ဟုအထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။

မြန်မာနိုင်ငံတွင်း ဇူလိုင်လမှ စက်တင်ဘာလအထိ ဒေါ်လာဈေးမြင့်တက်လေ့ရှိသည့်ကာလဖြစ်ပြီးလက်ရှိတွင်စစ်ကောင်စီတပ်က စစ်လက်နက်ဝယ်ယူမှုတွင် နိုင်ငံတော်အရံငွေ ဒေါ်လာများကိုပါအများအပြားသုံးစွဲလိုက်ခြင်းကြောင့် ယခုလို ဒေါ်လာဈေးမတည်ငြိမ်မှုဖြစ်လာခြင်းဟု စီးပွားရေးလုပ်ငန်းရှင်အချို့က​ပြောသည်။

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်က တစ်ဒေါ်လာကို ၁၃၂၀ ကျပ်သာပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။

သတင်း

ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ - တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

သတင်း

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။