Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ အမျိုးသမီးတစ်ဦး လက်ပြတ်ဟုဆို

ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

တောင်သာမြို့နယ်
တောင်သာမြို့နယ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး လက်ပြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အရက်မူးလာသော ရဲတပ်သား ရန်နိုင်ဦးမှ မိန်းမဖြစ်သူနှင့်စကားများရန်ဖြစ်ခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုစဥ် ဝင်ရောက်ဟန့်တား​သော ရဲတပ်သား အောင်ခိုင်ဝင်းဆိုသူအား ရင်ဘတ်နှစ်ချက် ကျည်ဖောက်ဝင်ခဲ့ပြီး မိန်းမဖြစ်သူလည်း လက်မောင်းထိမှန်ကာ လက်တစ်ဖက် ပြတ်ကျခဲ့သည်ဟု ဆိုသည်။

သေနတ်ဒဏ်ရာထိမှန်သော ရဲသားလည်း သေဆုံးသွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိ ပေးထားသည်။

အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ People’s Spring သတင်းဌာနအနေဖြင့် ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

သတင်း

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်စာရင်း အား အတိအကျမသိရကြောင်း PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။