Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူစရဖရုံးကိုဗုံးခွဲစဥ်စစ်ကူလာ​သောစစ်​ကောင်စီတပ်ကား၃ စီးမိုင်းကိုPDFများမိုင်းခွဲတိုက်ခိုက်စစ်သား ၅ဦး​သေ

စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်​လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။

ရေဖြူမြို့နယ်
ရေဖြူမြို့နယ်

ရေဖြူမြို့နယ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို တိုက်ခိုက်​စီးနင်းနေစဥ် စစ်ကူလာသည့် စစ်​​ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု လောင်းလုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က သတင်းထုတ်ပြန်သည်။

​ရေဖြူစရဖရုံးကို ဇူလှိုင် ၁၃ ရက် ည ၁၀နာရီခွဲခန့်က ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့​လေးဖွဲ့ကပူး​ပေါင်း၍ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်ရာရုံးအဆောက်အအုံတစ်ခုလုံးမီးလောင်ပြာကျခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်က ထိခိုက်​သေဆုံးမှုရှိ၊မရှိကို သီးခြားအတည်မပြုနိုင်ဟုပါရှိသည်။ စရဖရုံးတိုက်ခိုက်မှုကို DGRF၊ T1 Zone၊ TPLEနှင့် ဝေဟင်တပ်စုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်​လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီးမှာထိုနေရာတွင်ပင် လုံးဝပျက်စီးသွားပြီး စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့သည်။ထိုသို့ရမ်းသမ်းပစ်ခတ်ပြီး ကျန်ကားတစ်စီးမှာ ပြန်လည် မောင်းထွက်သွားသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အများအပြားရှိပြီး စစ်ကောင်စီတပ်သား ၅ဦး မှာ ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ​လောင်းလုံPDF ကထုတ်ပြန်သည်။

“ကျွန်တော်တို့ဘက်တော့ အထိအခိုက်အကျအဆုံးမရှိဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို​ရှေ့တွင်လည်းဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအ​နေဖြင့်စစ်ဘက်ဆိုင်ရာရုံး၊ အဆောက်အအုံများ၊ စစ်ကား၊ရဲကားများတို့မှ အဝေးကို ရှောင်ရှားသွားကြရန်နှင့်ပစ်ခတ်သံများဖြစ်ပွားလျှင်သွားရောက်စူးစမ်းခြင်းမပြုရန် LLPDFက တောင်းဆိုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

"သေပျောက်ကတော့မရှိပါဘူး။ မိုင်းပေါက်ကွဲပြီးတော့စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးနှင့် မီးသတ်အဖွဲ့က သေနတ်ကိုင်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်"ဟု မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။

သတင်း

ကော်ဘရာစစ်ကြောင်းသည် မြ၀တီ - ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။