Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်္ဂဘိုရွာအနီး စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ ၁၀ဦးသေဟု သထုံခရိုင် PDFတပ်ရင်း (၃)ထုတ်ပြန်

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာတွင် ယမန်နေ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) က ထုတ်ပြန် သည်။

ဇူလိုင် ၁၅ရက် နံနက် ၁၀နာရီခန့်က အင်္ဂဘိုရွာဆီအုန်းအမှတ်(၂) လေးဒေါင့်ကန်အနီးတွင် PDF တပ်ရင်း (၃)နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင် စီယာဉ်တန်းအား ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၅ဦးအထက်ရှိသည်ဟု ဖော်ပြသည်။

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ တိုက်ပွဲ၌ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သထုံခရိုင် PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်" လို့ပဒိုစောတောနီးက ဆိုပါတယ်။

သတင်း

ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ​ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။

သတင်း

"သေပျောက်ကတော့မရှိပါဘူး။ မိုင်းပေါက်ကွဲပြီးတော့စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးနှင့် မီးသတ်အဖွဲ့က သေနတ်ကိုင်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်"ဟု မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။