Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်း၏ Facebook Page စစ်ကောင်စီဘက်က Report လုပ်နေ၍ Pageကို 5 Starsပေးပြီး Good Reviewsများရေးပေးကြရန် ပြည်သူများထံ တောင်းဆို

ကော်ဘရာစစ်ကြောင်းသည် မြ၀တီ – ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်များ ပါဝင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်း၏ Cobra Column Facebook Page ကို အကြမ်းဖက်စစ်ကောင်စီဘက်‌‌က အုပ်စုဖွဲ့ပြီး Report လုပ်နေကြကြောင်း ကော်ဘရာ စစ်ကြောင်းက ယနေ့ ထုတ်ပြန်အသိပေးသည်။

ထိုသို့နည်းမျိုးစုံဖြင့် Report လုပ်နေ၍ Video အချို့၊ Post အချို့ ဖျက်ချခံထိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် Cobra Column Facebook Page ဆက်လက်တည်ရှိနိုင်ဖို့အတွက် Page ကို 5 Stars ပေးပြီး Good Reviews များ ရေးပေးခြင်းဖြင့် Page Engagement နဲ့ Stability ရရှိရေး ကူညီပေးကြရန် ကော်ဘရာစစ်ကြောင်းက တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီဘက်‌‌က အုပ်စုဖွဲ့ပြီး Report လုပ်ကြနေ၍ Post Reach လည်း လျော့ကျနေကြောင်း၊ ထို့ကြောင့်ဓမ္မဘက်တော်သားများ၏ စည်းလုံးမှုကို ပြန်လည်ပြသပေးကြရန် ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းသည် မြ၀တီ – ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်" လို့ပဒိုစောတောနီးက ဆိုပါတယ်။

သတင်း

ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ​ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။

သတင်း

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

"သေပျောက်ကတော့မရှိပါဘူး။ မိုင်းပေါက်ကွဲပြီးတော့စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးနှင့် မီးသတ်အဖွဲ့က သေနတ်ကိုင်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်"ဟု မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။