Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီဗိုလ်မှူးတစ်ဦးကိုမတူပီPDF သုတ်သင်ရှင်းလင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

(မတူပီ CDF တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေမှု ။ ဓါတ်ပုံ-CDF-မတူပီ)
(မတူပီ CDF တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေမှု ။ ဓါတ်ပုံ-CDF-မတူပီ)

●ဗိုလ်မှူးသန်းနိုင်ဝင်းသည်ဗျူဟာမှူး၏လူယုံဖြစ်ပြီး မတူပီရှိစစ်​ကောင်စီတပ်အတွက်အ​ရေးပါသူဖြစ်

မတူပီအခြေစိုက်စစ်ကောင်စီတပ်ခြေလျင်တပ်ရင်း( ၁၄၀) မှဗိုလ်မှူးသန်းနိုင်ဝင်းကို သုတ်သင်ရှင်းလင်းလိုက်​ကြောင်းချင်း​ဒေသကာကွယ်​ရေးတပ်မတူပီ(CDF-မတူပီ)က သတင်းထုတ်ပြန်သည်။

ဗိုလ်မှူး သန်းနိုင်ဝင်းကို ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)က သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

“သူ့(ဗိုလ်မှူးသန်းနိုင်ဝင်း)ကို ကျွန်တော်တို့ စောင့်ကြည့်နေတာကြာပြီ။ သူက ဗျူဟာမှုးရဲ့ လူယုံလည်းဖြစ်တယ်။ မနေ့ကတော့ မြို့ပြင်ကို မျှားခေါ်ပြီး ရှင်းလင်းလိုက်တာပါခင်ဗျ”ဟု ဟုChanland Defense Force Matupi သတင်းပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

ဗိုလ်မှူး သန်းနိုင်ဝင်းသည် စစ်ဗျူဟာထောက်လှမ်းရေး တစ်ဦးဖြစ်ပြီးတပ်တွင်းCDM ပြုလုပ်လိုသူများ၊ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထောက်လှမ်းနေသူဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်း၏ သတင်းပေးပို့မှုကြောင့် CDM လုပ်ရန် ပြင်ဆင်နေသူ စစ်သား(၇) ဦးသတ်ဖြတ်ခံခဲ့ရပြီး (၄) ဦးထောင်ချခံထားရသည်ဟုသိရသည်။ထိုအပြင်မတူပီမြို့နေအမျိုးသမီးတစ်ဦးကိုလည်းဗိုလ်မှူးသန်းနိုင်ဝင်းကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်းလည်းအသိပေးထားသည်။

“သူက မတူပီအတွက်(မတူပီရှိစစ်​ကောင်စီတပ်အတွက်)အရေးကြီးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်၊ မနေ့က မြို့ပြင်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲခေါ်ပြီး ရှင်းလိုက်တာပါ။”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။

ဗိုလ်မှုးသန်းနိုင်ဝင်းသည်မတူပီဗျုဟာမှူး၏ ကိုယ်ရံတော်နှင့် မတူပီမြို့ထောက်လှမ်ရေး တာဝန်ယူထားသူဖြစ်သည်ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။ ၎င်း၏ သတင်းထောက်လှမ်းမှုကြောင့် ကာကွယ်ရေးတပ်များအ​နှောက်အယှက်ဖြစ်ခဲ့သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်​ကြောင်းအထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။

သတင်း

ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

သတင်း

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

သတင်း

အဆိုပါ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ဇူလိုင် ၁၃ရက်တွင် ထပ်မံ စောင့်ကြို တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စစ်ကြောင်း ထွက်ပြေးရာနောက်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။