Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် စစ်ကောင်စီတပ်မှ ယာဥ်သုံးစီးကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးထက်မနည်းသေဟုဆို

ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ရန်ကုန် - မန္တလေးအမြန်လမ်း
ရန်ကုန် - မန္တလေးအမြန်လမ်း

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်ကြီးသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ​ပြောသည်။

ယနေ့နေ့လယ် ၁ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း တွင် မန္တလေးဘက်မှ မိတ္ထီလာမြို့ဘက်သို့မောင်းနှင်လာသော စစ်ကားအကြီးသုံးစီးကို မိုင်တိုင် (၃၂၀)အနီးတွင် ပဒေသာမိုင်း ၁၁လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDFက ပြောသည်။

“သုံးဦးကတော့ အဲ့နားမှာ လူတင်ကားပေါ်ပွေ့တင်နေတာ တွေ့တယ် ပြောတယ်။ အနည်းဆုံး သုံးကောင်လောက်တော့ကျမယ်”ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာပြီး သေဆုံးနှင့် ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို မိတ္ထီလာမြို့ဘက်သို့ သယ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။

သတင်း

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

သတင်း

အဆိုပါ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ဇူလိုင် ၁၃ရက်တွင် ထပ်မံ စောင့်ကြို တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စစ်ကြောင်း ထွက်ပြေးရာနောက်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။